Part-21

66 1 0
                                    

Unicode

"ဒါ...ဒါ..ဒါ..~~~ဒါ..ဒါ.."

ပါးစပ်မှ သံစဥ်တစ်ချို့ ထွက်လာကာ ရေချိုးနေတာက သျှန်ချီ..ဘာသီချင်းမှန်းလည်း သူမသိ..သူသိတာ ဒီတိုင်းရေချိုးရတာ ပျင်းလွန်းလို့ သီချင်းလေးညည်းဆိုနေတာဖြစ်သည်။

"ဒေါက်..ဒေါက်.."

တံခါးခေါက်သံသဲ့သဲ့ကို ကြားရတာမို့ ချိုးလက်စ ရေပန်းကို ပိတ်ရင်း နားစွင့်လိုက်ရသည်။

"ဒေါက်..ဒေါက်..ဒေါက်.."

"လာပြီ..လာပြီ.."

နောက်တစ်ကြိမ်ထပ်ကြားလိုက်ရတာမို့ ပါးစပ်မှ ပြောရင်း ရေချိုးခန်းထဲမှ ထွက်လာလိုက်သည်။ ပြောပြီးမှ အခန်းက အသံလုံတာမို့ အပြင်ကလူ မကြားရမှန်း သတိထားမိသွားသည်။

ဝရုန်းသုန်းကား ခန္ဓာကိုယ်ကို သွက်သွက်လက်လက် တဘက်နဲ့ သုတ်လိုက်ရင်း အဝတ်လဲရသည်။ အသံကလုံနေတော့ အပြင်ကဘာသံမှမကြားရတာမို့ အော်ပြောလို့ကလည်းအဆင်မပြေ..တော်သေးသည်က တံခါးကို ထပ်မ​ခေါက်တော့ပဲ စောင့်နေပေးသည်မို့။

ခေါင်းက ကျနေတဲ့ ရေကို သုတ်ရင်း တံခါးကို ဆွဲဖွင့်တော့ တွေ့လိုက်ရတာက ဖေဖေ။

"ဖေဖေ!"

"အင်း သားရေချိုးနေတာလား.."

"ဟုတ်.."

ပါးစပ်က ဟုတ်ပြောလိုက်ရင်း သုတ်လက်စရေကို ဆက်သုတ်လိုက်တော့ ဖေဖေက ပြုံးလျက်သားပင်။

"အင်း အောက်ကို ဆင်းလာခဲ့ဦးနော်..နှိုင်းထန်ရောက်နေတယ်.."

"ဗျာ..သူကဘာလို့ရောက်နေတာ.."

"အဲ့ဒါကတော့ အရင်တစ်ပတ်က ကိစ္စနေမှာပေါ့.."

"ဖေဖေ!!"

"ဟားဟား..စိတ်မဆိုးပါနဲ့ မဟာသျှန်ချီသွေးရယ်..ဟားဟား"

"ဖေဖေ အဲ့နာမည်ကို မခေါ်နဲ့တော့နော်.."

"ဟားဟား..မကြိုက်ရင်မခေါ်ပါဘူး မဟာသျှန်ချီသွေးရယ်..အောက်သာဆင်းလာခဲ့တော့.."

"ဖေဖေ!!"

သူအတင်းအော်ပြောတော့ ဖေဖေက ပြုံးစိစိနဲ့ လက်ပြပြီး အောက်ပြန်ဆင်းသွားသည်။

Violet rose's owner is mine (ခရမ်းရောင် နှင်းဆီပိုင်ရှင်က ငါ့အပိုင်) Where stories live. Discover now