အပိုင်း 1

1.5K 37 4
                                    

အပိုင်း 1

"ပဲပြုတ်သည် ပဲပြုတ်...ဟောသည်က ပဲပြုတ်"

ဝေလီဝေလင်းအချိန်တွင် ပဲပြုတ်သည်ဒေါ်အေးရဲ့ အသံခပ်စူးစူးက ကောင်းမွန်အားနိုးလာစေသည်။ထို့အ​​ပြင် ကောင်းမွန်ရဲ့ အချစ်တော် ​ဖိုးဝါဆိုသည့်ကြက်ဖရဲ့တွန်သံကိုလည်းကြားရသည်။

ကောင်းမွန်တစ်ယောက် ကျောင်းပိတ်ရက်ဖြစ်သဖြင့်သူ့အဖေနှင့်အတူလယ်တောကိုလိုက်ရမည်ဖြစ်သောကြောင့် အိပ်ယာကနေထလိုက်သည်။
ထို့နောက်မျက်နှာသစ်ရန် စင်အိုးအနားကိုသွားလိုက်သည်။
စင်အိုးအနားရှိ သစ်သားကွပ်ပျစ်ပေါ်တွင်တင်ထားသော မီးသွေးခဲကိုယူကာ သွားတိုက်ပြီးနောက် မျက်နှာသစ်လိုက်သည်။

ကောင်းမွန်​မြတ် မျက်နှာသစ်နေသည့်အနားသို့ သူ့ညီမလေးမေမွန်မြတ်ရောက်လာသည်။မေမွန်မြတ်မှာ အသက်7နှစ်အရွယ်ဖြစ်သည်။ကောင်းမွန်နှင့်သူ့ညီမလေးမှာ5နှစ်ကွာသည်။

"ကိုကို....မျက်နှာသစ်ပြီးမှသွားတိုက်ရတာလေ...သွားတိုက်ပြီးမှမျက်နှာသစ်တာ ကိုကိုမှားနေတယ်"

"မေလေးကိုဘယ်သူကပြောလဲ"

"ဖေဖေပြောတာလေ"

"ဟားဟား...မေလေးအစောကြီးရှိသေးတယ် ဘာလို့ထလာတာလဲ"

12နှစ်အရွယ်ကောင်လေးက သူ့ညီမလေးအားခါးထောက်ကာမေးလိုက်သည်။

"မေလေး တောထဲလိုက်ခဲ့ချင်လို့...အဲ့တာဖေဖေ့ကိုပြောပေး"

"ဟုတ်ပါပြီ ကိုကို့ရဲ့မင်းသမီးလေး...ကိုကိုနဲ့အတူတူလိုက်ခဲ့ဟုတ်ပြီလား"

"ယေး...ပျော်လိုက်တာ တောထဲကြ ကြာပန်းတွေခူးရတော့မယ်"

"နေဦး မေလေး....ကိုကို့ကိုကတိပေး ရေထဲတွေလျောက်မဆင်းပါဘူးလို့"

"ဟုတ်ကဲ့ကိုကို ကတိပါရှင့်"

ကောင်းမွန်မြတ် မေလေးရဲ့ခေါင်းလေးကိုဖွဖွလေး ထိုးဖွလိုက်သည်။

"အတတ်ကလေး"

.................

ကြာဖြူကြာနီကြာညိုနှောလို့၊တို့လယ်တောမှာပွင့်ကြတယ်။
ကောက်စိုက်အပြန်ရေကန်ကြီးက
ကြာတစ်စည်းလောက်ချိုးခဲ့ကွယ်။

နှလုံးသွေးဖြင့် ဆေးပါရစေ (Completed)Where stories live. Discover now