အပိုင်း 22

565 32 16
                                    

အပိုင်း 22

မန္တလေးပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်များသည် ဟိုပြေးဒီပြေးနှင့်အလုပ်ရှုပ် နေကြသည်။ထိုအထဲတွင် ထက်ကျော်ဆိုသည့်ဆရာဝန်ပေါက်စလေးလည်းပါသည်။

"ထက်ကျော်...ဟိုမှာ ကားတိုက်ခံရတဲ့လူနာတဲ့ မင်းသွားကြည့်လိုက်ဦး"

"ဟုတ်ကဲ့ဆရာ"

ထက်ကျော် ကားတိုက်ခံရသော လူနာဆီကို ပြေးကာသွားလိုက်သည်။ လူနာကိုစမ်းသပ်ကြည့်တော့ အခြေအနေကသိပ်မဟန်။
.
.
.

ထက်​ကျော် သူအတတ်နိုင်ဆုံးကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။

လူနာရဲ့ ဖျင်ကြမ်းအင်္ကျီ ထဲမှာ မှတ်ပုံတင်လေးကိုတွေ့ရသည်။

"ဦးအောင်ဇာ မန်ကျည်းရိပ်ရွာ...မတ္တရာမြို့နယ်တဲ့...ဟင် ဒါ ကောင်းမွန်တို့ရွာကပဲ"

ထက်ကျော် သူ့ရဲ့ညီလိုခင်မင်ရသော ကောင်းမွန်ဆီ ဖုန်းဆက်လိုက်သည်။

"helloကိုထက်"

"ကောင်းမွန်လား...မန်ကျည်းရိပ်ရွာဆိုတာမင်းတို့ရွာမလား"

"ဟုတ်တယ်အကို"

"ဦးအောင်ဇာဆိုတဲ့ တစ်ယောက်ဆေးရုံမှာရောက်နေလို့ မင်းအသိလား...အဲ့လူနာ.."

သူ့စကားပင်မဆုံးသေး ကောင်းမွန်ဆီကတုန်အက်အက်အသံတို့ကိုကြားရသည်။

"ဗျာ...ကျနော့်အဖေနာမည် ဦးအောင်ဇာပဲ...ကျနော်အခုချက်ချင်းလာခဲ့မယ်နော်"

ကောင်းမွန်  ချက်ချင်း မန္တလေးပြည်သူ့ဆေးရုံကြီးကိုသွားလိုက်သည်။ အဖေဘာမှမဖြစ်ပါစေနဲ့ဆုတောင်းရင်း ဆေးရုံကိုသာမြန်မြန်ရောက်ချင်နေလေပြီ။

နန်းနန်း အလျင်စလိုဖြစ်နေတဲ့ ကိုကောင်းမွန်မြတ်ကိုအိမ်ပေါ်ကနေ ငေးပြီးကြည့်နေမိသည်။အပေါ်လက်ရှည်ပင်မဝတ်ဘဲ အပြင်ကိုထွက်သွားသောကိုကောင်းမွန်မြတ် အကြောင်း တစ်ခုခုရှိလောက်မည်ဟုတွေးနေမိသည်။

နန်းနန်း အရာအားလုံးမှာ အနိုင်ရခဲ့ပေမယ့် ချစ်ခြင်းမေတ္တာမှာ သူ့အလို မပြည့်ဝခဲ့။သူချစ်ရသောလူသားလေးက သူ့အားရက်စက်လိုက်တာလို့တွေးနေတုန်းမှာပင်....

နှလုံးသွေးဖြင့် ဆေးပါရစေ (Completed)Donde viven las historias. Descúbrelo ahora