အပိုင်း 31

518 35 10
                                    

အပိုင်း 31

ကောင်းမွန်မြတ်တစ်ယောက် ထူးထူးဆီကို စာသင်ဖို့သွားရမည်ဖြစ်လို့ သူ့အခန်းထဲမှာရှိတဲ့ အင်္ဂလိပ် grammerစာအုပ်ကိုယူလိုက်သည်။
နန်းနန်း သူ့အိမ်မလာတာ ​တော်တော်ကြာလေပြီ​ဖြစ်လို့ဒီနေ့ ထူးထူးဆီကအပြန် နန်းနန်းအိမ်ကိုသွားမည်တွေးထားသည်။

ကောင်းမွန် စိတ်တွေလေးနေသလိုခံစားရသည်။ပုံမှန်ဆို သူ့အိမ်အမြဲလာတတ်တဲ့ကောင်မလေးက မလာဘဲနေတော့ ဟာတာတာဖြစ်မိသည်။မေလေးကိုမေးတော့ သူနဲ့လည်းအဆက်အသွယ်မရဘူးပြောသည်။မေလေးအဆက်အသွယ်မရဘူးပြောတာကိုသူသိပ်မယုံချင်။မေလေးအဖြေဟာလည်း ယုတ္တိမရှိသလိုပင်။

ကောင်းမွန် ကားသာမောင်းနေသော်လည်း စိတ်ကနန်းနန်းဆီပင်။ကဝေပျိုမလေးက သူ့အားပြုစားရက်သည်။

.
.
.

စာသင်ခန်းထဲရောက်ရောက်ချင်း စာကြည့်နေသော ထူးထူးကိုတွေ့လေသည်။
ဒီနေ့စာမေးမည်ပြောထားသဖြင့် ကျေးဇူးရှင်လေးက စာအုပ်နဲ့မျက်နှာနဲ့မခွာနိုင်ဘဲ သူအလာကိုပင်မသိ။

"ထူးထူးမြင့်ဇော်တို့ စာတွေကြိုးစားနေတာပါလား"

"ဟာ ကိုကို လာပြီ"

ကောင်းမွန် ခပ်တည်တည်နှင့်ပင် ခုံမှာဝင်ထိုင်လိုက်သည်။

"ပေးထားတဲ့အိမ်စာတွေရောပြီးပြီလား ပြ"

ထူးထူးက သူ့အားစာအုပ်ကိုပေးကာ မတ်တပ်ရပ်လက်ပိုက်နေသည်။စာတွေက သောကြာနေ့ကတည်းက ရှင်းပြပြီးမှရေးခိုင်းထားသောစာများဖြစ်သည်။

ကောင်းမွန် ထူးထူးစာအုပ်ကိုဖွင့်ကြည့်လိုက်သည်။

မလှမပလက်ရေးတွေနှင့် တချို့အပုဒ်တွေမှာ မပြီးသေး။

"ထူးထူးမြင့်ဇော်"

ထူးထူး ကိုကို့အားကြည့်လိုက်သည်။မျက်ဝန်းတစ်စုံကကြောက်စရာကောင်းသည်။

"ကိုကို...ဟုတ်"

"ဒါတွေက ဘာတွေလဲ"

စာအုပ်ကို ပစ်ချပြီး သူ့အားတည့်တည့်ကြည့်ကာမေးလာသောကိုကို့ကို ထူးထူးမကြည့်ရဲ။

နှလုံးသွေးဖြင့် ဆေးပါရစေ (Completed)Donde viven las historias. Descúbrelo ahora