အပိုင်း 44
ဥသြ...ဥသြ.....
နွေရဲ့အလှက ဥသြငှက်ကလေးတွေကြောင့် ပိုလို့ပြည့်စုံနေသည်။ရွက်ဟောင်းတွေကြွေပြီး ရွက်သစ်တို့ဝေနေတဲ့သစ်ပင်တို့ရဲ့ အလှကလည်း လှပလွန်းတဲ့ပန်းချီကားတစ်ချပ်လိုပင်။
သာယာလှပသော နွေဦးရဲ့ မနက်ခင်းတစ်ခုဝယ်.....
ကော်ဖီကို သေချာလေးဖျော်နေသော နန်းနန်းကို ကောင်းမွန် အနောက်ကနေ ဖက်လိုက်သည်။
နန်းနန်းနဲ့ သူနဲ့ရဲ့ အိမ်ထောင်သက်မှာ 2နှစ်တောင်ရှိလေပြီ။
"Babe....ကိုကို့အတွက် ကော်ဖီဖျော်နေတာလား"
"ဟုတ်ဘူး....Babeသောက်ချင်လို့....ဗိုက်ထဲက ကိုကို့ကလေးလေးက ကော်ဖီသောက်ချင်နေလို့တဲ့"
ကောင်းမွန် နန်းနန်းရဲ့ ပါးလေးကို ဆွဲဖဲ့လိုက်သည်။
"ဟွန်းနော်"
"ဟဲဟဲ စတာပါ ကိုကိုရ....ကိုကို့အတွက် Babeဖျော်နေတာ....Babeက နွားနို့သောက်ပြီးပြီ"
နန်းနန်း ကိုကို့ရင်သွေးလေးကိုလွယ်ထားတာ 7လရှိပြီဖြစ်သည်။ကိုကိုနဲ့ သူနဲ့ရဲ့ အိမ်ထောင်ရေးဟာအဆင်ပြေသည်။ကိုကိုက သူ့အားချော့လိုက် ခြောက်လိုက်နဲ့ဆုံးမသည်။နန်းနန်း ကိုကို့ဆုံးမမှုတွေကိုနောင်ထိ တစ်သက်လုံးခံချင်သည်။
"ကိုကို....ထူးထူးက စောနာက ဖုန်းဆက်နေတာ Babeဆီ"
"omm ကိုကို့ဆီမဆက်ရဲလို့အဲ့ကလေး....လုပ်တုန်းကလုပ်ပြီး အခုမှလာကြောက်ပြနေတယ်...အဲ့ကောင်လေးနဲ့ကိုကို ရှင်းစရာရှိသေးတယ်....ကိုကိုလည်း ဆေးရုံဆောက်မယ့် ကိစ္စတွေနဲ့အလုပ်ရှုပ်နေတာနဲ့မရှင်းသေးတာ"
ထူးထူး တစ်ခုခု ပြသနာရှာထားပြီဆိုတာနန်းနန်း သိလိုက်ပြီ။ထူးထူးက ကိုကို့ဆီဖုန်းမဆက်ရဲရင် အမြဲသူ့ဆီဆက်သည်။
"ကိုကို....ကလေးကို ပစ်တော့မထားပါနဲ့.....ဆူစရာဆိုဆူပြီး ရိုက်စရာရှိရင်ရိုက်လိုက်ပါ.....ထူးထူးကိုBabeအိမ်ခေါ်လိုက်မယ်နော်"
"omm....ညနေ လာခဲ့လို့ပြောလိုက်....ကိုကိုက ရှင်းမယ်လို့ပြောလိုက်"
KAMU SEDANG MEMBACA
နှလုံးသွေးဖြင့် ဆေးပါရစေ (Completed)
Romansa#Normal #Myanmar fiction #punishment type #ဆိုးသွမ်းလွန်းတဲ့ကောင်မလေးနဲ့ တည်ငြိမ်ရင့်ကျက်တဲ့ကောင်လေးရဲ့အချစ်ဇာတ်လမ်း #ဖတ်ကြည့်ပါ တစ်ခုခုတော့ကျန်မှာပါ