(ဒီအပိုင်းက ရှမ်းမြောက်ကိုရောက်ဖူးတဲ့မောင်လေးတစ်ယောက်ကိုမေးပြီးရေးထားတာပါဗျ...တစ်စုံတစ်ရာမှားယွင်းမှု..လူမျိုးဝါဒအယူအဆလွဲမှားမှုတို့ရှိခဲ့ရင် နားလည်ပေးကြပါဗျ)အပိုင်း 37
"အိုက်နိုင်...လုပ်လေ ရွာကို သွားဖို့ပြင်နော့်... ဆရာမလေးကိုသွားခေါ်မယ်လေ..."
"ဘယ်ကဆရာမလေးလဲ အဘ....ရွာကဆရာမတွေ မပြန်ပါဘူးနော့်..."
"မန်းလေးသူလို့ကြားတာပဲ... ငယ်ငယ်ချောချောလေးတဲ့...ငါတို့ဆီကိုလာချင်လို့ တမင်ဒေသရွေးခဲ့တာလို့ တိုက်နယ်မှုးဆီက ငါကြားတာပဲ..."
"ကိုကျော်မင်းနိုင်အိမ်က ဈေးကားနဲ့ သွားခေါ်မယ်လေ အဘ...မြို့သူဆိုတော့ ဆိုင်ကယ်နဲ့ အဆင်မပြေလောက်ဘူးလို့ငါထင်တယ်..."
"နင်ကဘာသိလို့လဲ...ဆရာမလေးက ဆိုင်ကယ်နဲ့ပဲ လာကြိုပါတဲ့...သူကိုယ်တိုင်စီးချင်တယ်တဲ့..."
"ဖြစ်ပါ့မလားအဘရယ်...သူတခုခုဖြစ်မှာ ငါစိုးရိမ်တယ်..."
"အိုက်နိုင်...နင်တော်တော်လျာရှည်တာပဲ...စိတ်မချရင် နင်သူနဲ့စီးပေါ့...မြန်မြန်လုပ် သွားမယ်..."
တားဘုန်းနိုင် စိတ်မရှည်သောလေသံဖြင့်ပြောမှ မိုင်းအိုက်နိုင်တယောက် ဖင်ထောင်တစ်စီးနဲ့ သူစီးနေကျ DT ကိုထုတ်လာလိုက်သည်။ တောင်ပေါ်ဒေသ၏ထုံးစံအတိုင်း နှစ်ဘီးစလုံးကို ချိန်းပတ် ပတ်လိုက်သည်။ ညက မိုးရွာထား၍ လမ်းက အတော်ဆိုးနေမည်ဖြစ်သည်။ မိမိတို့ရွှေဖီမြေကို ရောက်လာမယ့် ဆရာမလေး ဘေးကင်းရေးက သူ့တာဝန်ပင်။နေမလင့်ခင် အရောက်သွားမှသာ နေစောင်းချိန်တွင် မိမိတို့ လုံတောက်ကျေးရွာသိုပြန်ရောက်နိုင်မည်ဖြစ်သည်။
________"ဆရာမ...ကျမတို့ဆီမှာ မနက်စာက သိပ်မကောင်းလို့အားနာပါတယ်...ဒီပဲပြုတ်ဆီဆမ်းလေးစားလိုက်ပါအုံးနော်..."
သူကြီးကတော် အဖွားက အားနာနာလာချပေးသောထမင်းပန်းကန်ကိုကြည့်ရင်း ပြုံးပြလိုက်မိသည်။ စေတနာအပြည့်ပါသည်မို့ နတ်သုဒ္ဓါထက်ပင် ကောင်းလိမ့်မည်။
"သမီးကြိုက်ပါတယ်အဖွားရဲ့... အဖွားတို့ရော... သမီးနဲ့အတူတူ လာစားလေနော်... သမီး တယောက်ထဲ မစားတတ်လို့ပါနော်အဖွား... အဘိုးရော ဘယ်သွားလဲ..."
VOCÊ ESTÁ LENDO
နှလုံးသွေးဖြင့် ဆေးပါရစေ (Completed)
Romance#Normal #Myanmar fiction #punishment type #ဆိုးသွမ်းလွန်းတဲ့ကောင်မလေးနဲ့ တည်ငြိမ်ရင့်ကျက်တဲ့ကောင်လေးရဲ့အချစ်ဇာတ်လမ်း #ဖတ်ကြည့်ပါ တစ်ခုခုတော့ကျန်မှာပါ