အပိုင်း 4

876 32 22
                                    

အပိုင်း 4

သရက်ပင်တို့ ငှက်ပျောပင်တို့ကာရံထားသောအိမ်လေးတစ်လုံးထဲတွင် ဖယောင်းတိုင်မီးနှင့် လူငယ်လေးတစ်ဦးစာကြည့်နေသည်။ အနက်ရောင်ချည်ကွက်အင်္ကျီလေးနှင့်ပုဆိုးအနီရောင်ကွက်လေးကိုဝတ်ဆင်ထားသည့်ထိုလူငယ်လေးမှာ သတ္တမတန်း၏ စာအတော်ဆုံးကျောင်းသားပင်ဖြစ်သည်။

သချ်ာပုစ္ဆာများကို အသည်းအသန်တွက်နေသောထိုလူငယ်လေးအနားသို့ သူ၏ညီမလေးရောက်လို့လာသည်။

"ကိုကို....ညီမလေး ဒီသင်္ချာတွေမတွက်တတ်လို့"

"မေလေး အခုကမိုးချုပ်တော့မာ...ညနေကတည်းက ကိုကို့ကိုကျောင်းကအိမ်စာပေးလိုက်တာဘာလို့မပြောတာလဲ"

"ဟို..."

မေမွန်မြတ် သူ့အကိုအားကြည့်ကာ အကြောင်းပြချက်စဥ်းစားနေလေသည်။

"မေလေး....ကိုကို ညနေကမေးတော့ ဘာစာမှမပေးလိုက်ဘူးဆို...မေလေးက ကိုကို့ကိုလိမ်တာလား"

"..."

"မေးနေရင်​ဖြေလေ..."

ကောင်းမွန်မြတ် သူ့ညီမလေး မေမွန်မြတ်အားပြောနေစဥ် ဒေါ်ရည်မွန်ရောက်လို့လာသည်။

"သား မအိပ်သေးဘူးလား...သမီးလေးရော အမေ့အနားကနေထသွားပြီး ကိုကို့အနားရောက်နေတယ်ကြည့်ဦး"

"အမေ ..အမေ့သမီးလေ ကျောင်းကအိမ်စာပေးလိုက်တာကို မလုပ်ရသေးဘူး...သား ညနေကမေးတော့မဖြေဘူး...အခုမှလာပြီးပြောနေတယ်"

"မေလေး ....သမီးလေး နောက်ကြ ကျောင်းက
အိမ်စာမှာရင်ညနေကတည်းကလုပ်ရမယ်နော်...အခုတော့အိပ်စို့ မနက်မှကိုကို့ကိုမသိတာမေးပြီးလုပ်...ပြီးမှကျောင်းသွားလိုက်"

မေမွန်မြတ် မျက်လုံးလေးမှာ မျက်ရည်ဝဲကာနေသည်။

သူ့ရှေ့မှ သူ့ကိုကိုက မျက်နှာတည်ကြီးနှင့် သူ့ကိုကြည့်နေသည်။ကိုကိုနဲ့ သူနဲ့အသက်5နှစ်ကွာသော်လည်း ကိုကိုက သူ့အားအဖေလိုအကိုလိုချစ်ပေးသည်။အလိုလိုက်ရင်လည်းနှစ်ယောက်မရှိသလို ဆူရင်လည်းနှစ်ယောက်မရှိ။

"မေလေး....နောက်ဒီလိုအဖြစ်မျိုးမဖြစ်စေနဲ့ကြားလား...အဆော့မက်ပြီးစာမလုပ်တာတွေကိုကိုမကြိုက်ဘူး...မေလေးကို ကိုကိုအလိုလိုက်စရာရှိတာလိုက်မယ်...စာနဲ့ပတ်သက်ပြီးတော့မေလေးမဆိုးစမ်းနဲ့...လိမ်တာအမုန်းဆုံးဆိုတာသိရဲ့နဲ့ ကိုကို့ကိုလိမ်သေးတာ....ပြောတော့အိမ်စာမပေးလိုက်ဘူးဆို အခုကြ ဟမ်"

နှလုံးသွေးဖြင့် ဆေးပါရစေ (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ