အပိုင်း 17

695 31 20
                                    

အပိုင်း 17

ရွှေအိမ်စည် ဝရံတာမှာစာအုပ်ဖတ်နေရင်း ချစ်ရသူကောင်းမွန်၏ပုံရိပ်တို့နှင့် သူ့အားခါးခါးသီးသီးဖြစ်နေသော နန်းနန်း၏ပုံရိပ်တို့က ခေါင်းထဲပေါ်လို့လာသည်။ သူ ကောင်းမွန်ကိုဖွင့်ပြောမည်ဟုတွေးထားသောအတွေးတို့က အခုထိဖြစ်မလာသေး။
ကောင်းမွန်ကို တစ်ခြားသူလက်ထဲပါသွားမည်ကိုလည်းသူစိုးသည်။နန်းနန်းဆိုသည့်ကောင်မလေးက သူ့ကိုဘာ့ကြောင့်မကြည်နေလဲဆိုတာစဥ်းစားကြည့်ပါက အဖြေတစ်ခုသာရှိနိုင်သည်။

"ကောင်းမွန် ငါ နင့်ကိုအမြန်ဆုံးဖွင့်ပြောတော့မယ်"

..........

"မေလေး ငါဒီနေ့ကျောင်းမလိုက်တော့ဘူး မနေ့က ရိုက်ခံထားရတာတွေက နာနေလို့....ပြီးတော့ခေါင်းရောနည်းနည်းကိုက်နေလို့"

"အေးအေး ငါဆရာမကိုခွင့်တိုင်ပေးမယ်နော်"

မေလေးနဲ့နန်းနန်း ပြောနေသောစကားများကို ကြားရသောကောင်းမွန်မြတ်က သူတို့အနားကိုလာကာ...

"နန်းနန်း နေမကောင်းဘူးလား ကလေး"

ကောင်းမွန် နန်းနန်း၏နဖူးပြင်ကိုစမ်းလိုက်သည်။နန်းနန်း သူ့နဖူး​ပြင်ပေါ်မှာရှိနေသော လက်ကိုဖယ်လိုက်သည်။ကောင်းမွန်မြတ် နန်းနန်းသူ့အားစိတ်ဆိုးနေပြီဆိုတာသိ၏။

သူ့လက်ကို ဖယ်ကာ သူ့အားအကြည့်စူးစူးဖြင့်စိုက်ကြည့်နေသောကောင်မလေးမျက်ဝန်းတို့က တစ်ခုခုကိုအလိုမကျသည့်ပုံစံဖြစ်လို့နေသည်။

"ကိုကောင်းမွန်မြတ် မရွှေအိမ်စည်ကို သူ့အိမ်သူပြန်ပို့လိုက်​တော့... နန်းနန်းမကြိုက်ဘူး သူဒီအိမ်မှာရှိနေတာကို"

"အင်း တစ်ရက်နှစ်ရက်ပဲရယ်နန်းနန်း....နောက်ထပ်တစ်ရက်နှစ်ရက်လောက်ပဲသူဒီမာနေမာတဲ့....သူ့ကိုပြသနာမရှာနဲ့နော်နန်းနန်း... .ကိုကိုတောင်းဆိုနေတာပါ"

"ကိုကောင်းမွန်မြတ် ...အကို့ကို နန်း သိပ်အံ့သြတာပဲ...အကို့မျက်လုံးထဲမှာ နန်းကအမြဲပြသနာရှာတတ်တဲ့သူလို့ထင်နေတယ်မလား...ဆက်ပြီးထင်လိုက် ဆက်ပြီးပြသနာတွေရှာပြမယ်"

နှလုံးသွေးဖြင့် ဆေးပါရစေ (Completed)Where stories live. Discover now