အပိုင်း 39

645 38 17
                                    

အပိုင်း 39

"ချယ်ရီ‌မြေမှာတတိယမြောက် ချယ်ရီပန်းတွေ ဖူးပြန်ပြီပေါ့...နန်းရဲ့ပျော်ရွင်မှုကို နန်းကိုယ်တိုင်ရှာဖွေနိုင်ခဲ့ပြီ...မေလေးရော အဆင်ပြေရဲ့လား...ချစ်ခြင်းမေတ္တာတွေကို တန်ဖိုးမထားတတ်တဲ့ ကိုကောင်းမွန်မြတ်တစ်ယောက်ရော...ဘာတွေဖြစ်နေပြီလဲ...အို...နန်းဘဝနဲ့နန်းပါပဲ..."

နန်းနန်း ချယ်ရီပင်အောက်တွင်တစ်ယောက်တည်း တွေးချင်ရာတွေးနေစဥ်ပင်....

"နန်းကိုပျောက်လို့လိုက်ရှာနေတာ...ချယ်ရီပင်အောက်ရောက်နေတာပဲ..."

အိုက်နိုင်က မာဖလာလေးကို နန်းနန်းရဲ့ ခေါင်းတွင်ပတ်ပေးပြီး ပြောလိုက်သည်။

"နန်းမြေပြန့်ကို လွမ်းလို့ပါအိုက်နိုင်ရယ်... ဒီလိုမြူတွေဆိုင်းနေရင် ပိုလို့လွမ်းတယ်.......အရပ်ရှစ်မျက်နှာစလုံးတိမ်ပင်လယ်တွေဝေနေတာပဲနော်"

နန်းနန်းရဲ့ စကားသံလေးတွေက အိုက်နိုင်အားအသည်းပိုလို့ယားစေသည်။နန်းနန်းကို အိုက်နိုင်မြတ်မြတ်နိုးနိုးနှင့်ချစ်သည်။

"နန်း....အိုင်နိုင် ပြောစရာရှိလို့"

"ommပြောလေ"

"တောင်ပေါ်မြေမှာ တော်ဝင်ပိတောက်ပန်းတော့မရှိပါဘူးနန်းရယ်...ဒါပေမယ့် နန်းပန်ဖို့ ချယ်ရီပန်းတစ်ခိုင် အိုက်နိုင်ခူးလာတယ်...ဦးဦးဖျားဖျား နန်းကိုပန်စေချင်လို့..."

အရင်နှစ်တွေကတည်းက အိုက်နိုင် သူ့ကို ဂရုစိုက်မှန်း နန်းသတိထားမိသည်။ ရွာမှာ ဘာပဲ ရှိရှိ သူ့အိမ်မှာ ဘာပဲလုပ်လုပ် နန်းအတွက် တကူးတက လာပို့တတ်စမြဲ။ ယခုလည်း နန်းပန်ဖို့ ချယ်ရီပန်း‌တွေ ခူးလာသည်။
နန်းလိုချင်တဲ့ဂရုစိုက်မှုတွေ...အလိုက်သိမှုတွေ....ချစ်ပြတတ်မှုတွေ။
အခုအိုက်နိုင်ဆီကနေ တကူးတက တောင်းဆိုတာမဟုတ်ဘဲ သူ့အလိုလိုဖြစ်ပေါ်လာတာမျိုး။ ချစ်ခြင်းမေတ္တာရဲ့တန်ဖိုးကို နားလည်လာတဲ့အခါ အရာရာကို တန်ဖိုးထားတတ်လာတာမျိုး။

"နန်း...ဘာတွေတွေးနေတာလဲ..."

"ဟင့်အင်း...နန်းဖို့ပန်းဆို...ဘယ်မှာလဲဟင်..."

နှလုံးသွေးဖြင့် ဆေးပါရစေ (Completed)حيث تعيش القصص. اكتشف الآن