အပိုင်း 12

764 32 4
                                    

အပိုင်း 12

"မေလေးနဲ့ နန်းနန်း ဒီနေ့ကိုကိုတို့ သင်္ချာအရင်သင်ကြမယ်နော်"

"နန်းနန်းကို နန်းလို့တစ်လုံးတည်းခေါ် "

ကောင်းမွန်မြတ်သူ့အား ရုပ်အတည်ကြီးနဲ့ပြောနေသော နန်းနန်းကို ....

"နန်းနန်းဆိုပြီးခေါ်ရတာက ပိုကောင်းပါတယ် ကိုကို့ညီမလေးရဲ့"

"နန်းကတော့ ဒီနေ့ကစ ကိုယ့်ကိုကိုယ် နန်းဆိုပြီးပဲသုံးတော့မာ"

"ကလေးသဘောပါ အာ့က....မေလေးနဲ့ နန်းနန်း သင်ခန်းစာစလိုက်ရအောင်နော်"

နန်းနန်း အတွင်းစိတ်က မကျေနပ်။သူက နန်းလို့တစ်လုံးတည်းခေါ်ခိုင်းတာကြမခေါ်ဘဲ ဟိုတီချယ်နှင်းကြ အဖျားစွတ်ခေါ်တဲ့ကိုကောင်းမွန်မြတ်ကိုတွေးလေမကျေနပ်လေဖြစ်မိ၏။ ကိုကောင်းမွန်မြတ်ပါးစပ်မှ တီချယ်နှင်းဟုတရင်းတနှီးပုံစံဖြင့်​ပြောလိုက်သည့်မြင်ကွင်းကဖျောက်မရ။နှိုင်းမယှဥ်သင့်တာတွေနှိုင်းယှဥ်မိလည်း နန်းနန်းသူသာအနိုင်ရချင်သည်။

"နန်းနန်း ဘာတွေတွေးနေတာလဲ စာကိုလိုက်ကြည့်မယ်လေ"

"...."

"9နဲ့ 7နဲ့ပေါင်း ဘယ်လောက်လဲနန်းနန်း"

"ဟင်"

နန်းနန်း ကိုကောင်းမွန်မြတ်မေးတာကိုမဖြေနိုင်။

9နဲ့7နဲ့ပေါင်းချင်ရင် 9ကိုစိတ်ထဲမှတ် 7ရှိလို့7ချောင်းထောင် 9ပြီးတော့....နန်းနန်းစိတ်ထဲကနေ အဖြေကိုတွက်နေသည်။

"နန်းနန်း...မရဘူးလား ကလေး"

"ဟုတ် နန်း အပေါင်းအနှုတ်တွေသိပ်မရဘူး"

"အလီတွေရော ရလား"

"ဟင့်အင်း မရဘူး"

"နန်းနန်း ကလေး ဒီနေ့ကိုကိုရှင်းပြလိုက်မယ် သင်္ချာရဲ့အခြေခံတွေကို..... အဲ့တာကို ညကြတစ်ခေါက်ပြန်ကြည့် နေ့တိုင်းကိုကိုနဲ့ ညနေပိုင်း တစ်နာရီဆီစာသင်ရမယ်နော် ကတိပေးလား နန်းနန်း"
"စိတ်မကြည်တဲ့နေ့တွေရောလား"

"အင်း ကိုကိုနဲ့ဖောက်ကောက်လည်း စာသင်ချိန်လေးတော့စိတ်ကြည်ပေး....ကတိပေးမယ်မလား...လာ ကတိ"

နှလုံးသွေးဖြင့် ဆေးပါရစေ (Completed)Where stories live. Discover now