အပိုင်း 6
မနက် ရောင်နီပျိုးချိန်တွင် ကောင်းမွန်တစ်ယောက် အိမ်ရှေ့က ကွပ်ပျစ်ပေါ်တွင်ထိုင်ကာနေသည်။
"ငါ့သား...ဘုရားပန်းလဲဖို့ ကြီးလှတို့အိမ်ကို သပြေပန်းလေးသွားဝယ်ပေးဦး"
"ဟုတ်အမေ"
ကောင်းမွန် အမေပေးလိုက်သော ပိုက်ဆံ200တန်လေးကိုယူကာ ရွာမြောက်ပိုင်းက ကြီးကြီးလှတို့အိမ်သွားလိုက်သည်။ လမ်းတစ်လျှောက်ရှိ ခြံစည်းရိုးများတွင်ပေါက်နေသော တောကြက်ဟင်းခါးသီးပင်များကိုခူးနေသောလူများစွာကိုတွေ့ရသည်။
ကောင်းမွန် ကြီးကြီးလှအိမ်မှသပြေပန်းဝယ်ပြီးအပြန် မေလေးသူငယ်ချင်းတွေနဲ့လမ်းမှာတွေ့သည်။
မေလေးဆီကို ညနေကြအလည်လာမည်ကို သူမှတစ်ဆင့်ပြောခိုင်းကြသည်။
"ညီမလေးတို့ တောင်ပြုံးပွဲမသွားဘူးလား"
"သမီးတို့က မနက်ဖြန်မှ အိမ်ကလိုက်ပို့မာ"
"အော်အေးအေး...လမ်းဘက်ထွက်မဆော့နဲ့လေ အိမ်ထဲဝင်ဆော့ကြတော့... ကိုကို မေလေးကိုပြောလိုက်မယ်နော်"
"ဟုတ်ကဲ့ကိုကို"
......................
ကောင်းမွန်တို့ သားဖလေးယောက် တောင်ပြုံးပွဲစျေးတန်းထဲသို့ရောက်လို့လာသည်။
"ကိုကို...ဟိုမှာ ဟိုမှာ"
"မေလေး ပင်လယ်ဓားပြစီးချင်လို့လား"
"ဟင့်အင်း ပြရုံပဲပြတာ မေလေးမစီးရဲဘူး...ဟီး...ကိုကို မေလေးကို ချဥ်ပေါင်းဝယ်ကျွေး"
"မေလေး အများကြီးမစားရဘူးနော် ဗိုက်အောင့်လိမ့်မယ် နည်းနည်းပဲစားရမယ် သဘောတူလား"
"ဟုတ်"
"လာ အာ့ဆိုဝယ်ကျွေးမယ်"
"ကိုကို...မေလေးက လက်ကောက်တွေ ဆွဲကြိုးတွေရောဝယ်ပေး"
"လိမ်မာမယ်လို့ကတိပေးရင်ဝယ်ပေးမာ"
"ကတိကတိ"
"ကတိမတည်ရင် ဂျယ်လီပေတံနော်"
"ဟုတ်ပါကိုကိုရ"
ကောင်းမွန်မြတ် သူ့ညီမလေးအား ပွေ့ချီကာချဥ်ပေါင်းဝယ်ပေးနေသည်။ထို့နောက် လက်ကောက် လေးတွေကိုလည်းဝယ်ပေးလိုက်သည်။
YOU ARE READING
နှလုံးသွေးဖြင့် ဆေးပါရစေ (Completed)
Romance#Normal #Myanmar fiction #punishment type #ဆိုးသွမ်းလွန်းတဲ့ကောင်မလေးနဲ့ တည်ငြိမ်ရင့်ကျက်တဲ့ကောင်လေးရဲ့အချစ်ဇာတ်လမ်း #ဖတ်ကြည့်ပါ တစ်ခုခုတော့ကျန်မှာပါ