အပိုင်း 18

652 29 27
                                    

အပိုင်း 18

မေလေး ဒီနေ့ညနေ ကိုကိုနဲ့စာသင်ရတာ စိတ်မပါ။ချစ်ရသူနန်းနန်း အိမ်ပြန်ရောက်မှ သူစိတ်အေးနိုင်မည်။ သူ့​ရင်မှာပူလောင်နေတာ နန်းနန်းကတော့သိမည်မထင်။

မေလေး စိတ်ထဲတွင် နန်းနန်းဘေးကင်းပါ့မလား...နန်းနန်းဘယ်တော့ပြန်ရောက်မလဲ စသည့်အတွေးတွေကသာ ကြီးစိုးနေသည်။

ဖြန်း....

ကောင်းမွန်မြတ် စာထဲကိုစိတ်ဝင်စားမှုမရှိသောညီမဖြစ်သူရဲ့ လက်ကို ကျောက်ကျောပေတံလေးနဲ့ ရိုက်လိုက်သည်။

"မေလေး...စာထဲကိုစိတ်မပါဘူး စိတ်တွေဘယ်ရောက်နေတာလဲ"

မေလေး ကိုကို့အမေးကြောင့် သူခိုးလူမိသွားသလို လန့်ကာသွားသည်။

"ကိုကို မေလေးခေါင်းတွေကိုက်လို့ "

မေလေး ကိုကို့ကိုလိမ်လိုက်မိပြန်ပြီ။ကိုကို့ကိုလိမ်ရဲတဲ့အထိသတ္တိရှိနေသည့် သူ့ကိုယ်သူလည်းမေလေးအကြိမ်ကြိမ်အံ့သြမိသည်။အချစ်ကြောင့်လိမ်တတ် တာဆိုပြီး အချစ်ကိုအပြစ်ပုံမချချင်။အချစ်မှာအပြစ်မရှိ သူ့မှာသာအပြစ်ရှိသည်။ဒါပေမယ့် အချစ်စွမ်းအားကသိပ်ကြီးသည်။ မေလေး နန်းနန်းအတွက်ဆို အရာရာဖြည့်ဆည်းပေးချင်သည်။နန်းနန်းကိုသူ့ဘေးမှာပဲအမြဲရှိစေချင်သည်။သူ့ကိုပဲခင်တွယ်စေချင်သည်။အတ္တတွေက တဖြည်းဖြည်းပိုကြီးမိလာခဲ့သည်။သူ့ရဲ့အတ္တတွေကြောင့် နောင်တွင် သူအမှားပင် ကျူးလွန်မိကောင်းမိနိုင်၏။

မေလေး သူ့အချစ်ကို ကိုကိုမသိအောင်ဖုန်းကွယ်ရန်အတတ်နိုင်ဆုံးနေရမည်။ ကိုကိုက သူ့စိတ်ကိုအသိဆုံးဖြစ်လို့သူအနေအထိုင်ပိရိရမည်။ကိုကို့ရှေ့မှာ နန်းနန်းကို သူချစ်နေတာနဲ့ပတ်သက်ပြီး မရိပ်မိအောင် သူကြိုးစားမည်။

"ကိုကို မေလေး ကျောင်းမှာမတည့်တာစားမိလို့ထင်တယ်"

"မေလေး ...ကိုကို ပြောထားတယ်လေ မတည့်တာတွေမစားရဘူးလို့....ပြီးတော့ recordစာရွက်ကိုမပျောက်စေနဲ့နော် ကြားလား ကိုကို့တီချယ် ကိုကို့ကိုtrainပေးသလို မေလေးကို ကိုကိုtrainပေးနေတာ"

နှလုံးသွေးဖြင့် ဆေးပါရစေ (Completed)Donde viven las historias. Descúbrelo ahora