အပိုင်း 15
ကောင်းကင်ပြင်တစ်ခွင်လုံးတွင် တိမ်ညိုများအုံ့မှိုင်းလို့နေသည်။ မိုးက မကြာမီအချိန်တွင်ရွာတော့မယ့်အရိပ်အယောင်အတိနှင့်။ စနေနေ့မနက် အစောတွင် နန်းနန်းအိပ်ယာကနေအစောကြီးနိုးနေသည်။ မေလေးတို့ရွာလေးကိုသွားရမှာဖြစ်သည့်အတွက် သူတက်ကြွနေသည်။ ပြတင်းပေါက်ကို ဖွင့်ကာကြည့်လိုက်တော့ မဲမှောင်နေသောကောင်းကင်ကြောင့်...
"မိုးတွေမဲနေတာပဲ...."
နန်းနန်း အလိုမကျသောမျက်နှာလေးနဲ့ကောင်းကင်ကိုကြည့်ကာပြောလိုက်သည်။ထို့နောက်ရေချိုးခန်းထဲကိုဝင်ကာသွားလေသည်။
နန်းနန်း မျက်နှာသစ်သွားတိုက် ရေချိုးပြီးနောက် အဝတ်အစားလဲကာ အောက်ထပ်ကိုဆင်းလာလေသည်။ ဧည့်ခန်းထဲတွင် ကိုကောင်းမွန်မြတ်နဲ့မေလေးတို့ကမုန့်စားနေကြသည်။
"နန်းနန်း သမီးလေး လာ"
နန်းနန်း မေမေ့အနားတွင်ထိုင်ကာ မုန့်ထိုင်စားနေသည်။
"နန်းနန်း....သမီးတို့ ရွာကိုသွားမှာ မိုးတွေကမဲနေတာပဲ"
"သူ့ဟာသူမဲတာ နန်းနန်းတို့ကဘာလုပ်ရမာလဲ နှော မေလေး"
နန်းနန်း မေလေးကိုပါ အဖော်စပ်လိုက်သည်။
ထို့နောက် သူ့အားစိုက်ကြည့်နေသောကောင်းမွန်မြတ်ကို...
"ကိုကောင်းမွန်မြတ် နန်းတို့သွားကြစို့လေ ရထားနောက်ကျလိမ်မယ့်မယ်"
"အင်းနန်းနန်း အဝတ်စားတွေထည့်ပြီးပြီလား"
"ဟုတ်"
"နန်းနန်း မိုးတွေကမဲနာ သေချာဂရုစိုက်သွားမယ်နော်"
"ဟုတ်ပါမေမေရ ကိုကောင်းမွန်မြတ်တစ်ယောက်လုံးရှိနေတာကို စိတ်မပူပါနဲ့"
"ရထားဘူတာထိ ဖေဖေလိုက်ပို့မယ် "
"အင်း"
နန်းနန်း သူ့အဖေကို အခုထိစိတ်ကောက်တာမပြေသေး၍ အင်းလို့သာသုံးလိုက်သည်။"နန်းနန်း"
ကောင်းမွန်မြတ် နန်းနန်းကို ခေါ်လိုက်သည်။
ВЫ ЧИТАЕТЕ
နှလုံးသွေးဖြင့် ဆေးပါရစေ (Completed)
Любовные романы#Normal #Myanmar fiction #punishment type #ဆိုးသွမ်းလွန်းတဲ့ကောင်မလေးနဲ့ တည်ငြိမ်ရင့်ကျက်တဲ့ကောင်လေးရဲ့အချစ်ဇာတ်လမ်း #ဖတ်ကြည့်ပါ တစ်ခုခုတော့ကျန်မှာပါ