အပိုင်း 15

801 41 29
                                    

အပိုင်း 15

ရှမ်းခေါက်ဆွဲစားပြီးနောက် မိုးကလည်းအနည်းငယ်စဲလာလေပြီ။

"ကိုကိုတို့ရွာကို သွားကြစို့"

"yes sir"

မေလေးနဲ့နန်းနန်း ပြိုင်တူပြောလိုက်ကြသည်။

ရွာကို သွားရာလမ်းတစ်လျှောက်မှာတွေ့ရတဲ့ရှုခင်းတွေကို နန်းနန်းငေးမောကာကြည့်နေသည်။တောင်တန်းတွေသစ်ပင်ကြီးတွေစပါးပင်တွေဟာလည်းလှပလို့နေသည်။
.
.
.

ရထားဘူတာကနေ မန်ကျည်းရိပ်ရွာကလေးကို ကောင်းမွန်တို့ 15မိနစ်ခန့်လမ်းလျှောက်ပြီးမှ ရောက်လေသည်။
ရွာကိုရောက်သည်နှင့် ရွာဝင်လမ်းမကြီးနေ သူတို့အိမ်အဝင်ဝထိတွေ့သောလူများကိုကောင်းမွန်နှုတ်ဆက်လိုက်သည်။မေလေးကလည်း သူ့သူငယ်ချင်းများနဲ့တွေ့သဖြင့်ပျော်လို့နေသည်။

အိမ်ကိုရောက်သော်...

"သားတို့လာပြီပဲ လာလာ...သားတို့ရောက်ရင် ဦးချစ်လှိုင်က ထမင်းစားရအောင်ခေါ်ခဲ့ဦးတဲ့"

ကောင်းမွန်တို့ရွာဓလေ့မှာ အလှူအိမ်ရှိပါက အဲ့အိမ်တွင် 7ရက်7လီ တစ်ရွာလုံးနီးပါးထမင်းစားကြသည်။ဝိုင်းလုပ်ဝိုင်းစား နှင့်ပျော်ဖို့ကောင်းလှသည်။

"ဖေဖေ...ညကြ ဇာတ်စပြီးကမှာမလား"

"အင်း သမီးလေး...ဖေဖေလှည်းထိုးပြီး နေရာဦးပြီးပြီဗျာ... ညကြလှည်းပေါ်ကနေကြည့်ရုံပဲ"

"ဦးလေး....မြေကြီးပေါ်ထိုင်ကြည့်လို့ မရဘူးလားဟင်"

"နန်းနန်း သမီးလေးက မြေကြီးပေါ်ထိုင်ကြည့်ချင်တာလား...အဲ့တာဆိုဦးလေး ရွာကအပျိုခေါင်းကိုသွားပြီးပြောပေးမယ်နော်...ဖျာနေရာလေးတစ်နေရာလောက်တော့ရမာပါ"

"ဟုတ် "

ဇာတ်ပွဲရှိပါက ရွာထဲကအပျိုတွေက ဖျာနေရာလုရတာအလုပ်တစ်ခုလိုဖြစ်နေလေသည်။ ဇာတ်စင်ပေါ်က မင်းသားတွေကို ရှိုးကြသည်။သူ့ထက်ငါအပြိုင်အလှတွေပြင်ကာ မင်းသားတွေကိုမုန့်တွေပေးကြသည်။

အရင်တစ်ခေါက် ဘုန်းကြီးပျံလွန်တော်မူလို့ ရွှေညီကိုဇာတ်ပွဲထည့်တုန်းက အပျိုတွေအချင်းချင်းရန်ဖြစ်ပြီး ဇာတ်ပွဲပင် ကတာရပ်လိုက်ရသည်။
မန်ကျည်းရိပ်ရွာကအပျိုတွေဆိုးတာ ဘေးရွာကလူတွေကပင်လက်ဖျားခါရလောက်သည်။
.....................

နှလုံးသွေးဖြင့် ဆေးပါရစေ (Completed)Wo Geschichten leben. Entdecke jetzt