အပိုင်း 13
နန်းနန်း ကိုကောင်းမွန်မြတ်ကို တစ်နေကုန်စကားမပြောဘဲနေမည်ဟုတွေးထားသည်။ ကျောင်းသွားဖို့အချိန်နီးလာသဖြင့် ကျောင်းလွယ်အိတ်လေးကို ယူကာအောက်ထပ်ကိုဆင်းလာလိုက်သည်။အောက်ထပ်တွင်စာအုပ်ကိုကိုင်ကာစာဖတ်နေသောမေလေးကိုတွေ့သည်။ကိုကောင်းမွန်မြတ်ကိုတော့သူမတွေ့ပေ။
"လာ နန်းနန်း သွားကြမယ်လေ"
ကိုကောင်းမွန်မြတ်ရောဘယ်မှာလဲဟုမေးချင်သော်လည်း သူမမေးမိအောင်ထိန်းချုပ်လိုက်ပြီး အိမ်ထဲကိုဟိုကြည့်ဒီကြည့်ဝေ့ကာကြည့်နေမိတော့ မေလေးကအလိုက်သိစွာပင်သူ့အားမေးလာ၏။
"နန်းနန်း...ကိုကို့ကိုရှာနေတာလား"
"နန်းက ကိုကောင်းမွန်မြတ်ကိုဘာကိစ္စရှာရမာလဲ"
"ကိုကိုက နန်းနန်းနဲ့မေလေးကျောင်းမှာစားရအောင် ငှက်ပျောပေါင်းသွားထည့်နေတယ်"
နန်းနန်း စိတ်ထဲကနေကြိတ်ကာပျော်နေသည်။သူ့အားဂရုစိုက်ပေးသောခံစားချက်လေးကိုသူသဘောကျမိသည်။
"မေလေး...နန်းလို့တစ်လုံးတည်းခေါ်ပါဆို"
"ဒေါ်နန်းနန်းကို နန်းလို့တစ်လုံးတည်းခေါ်မယ်ဟုတ်ပြီလား"
"ဟီး"
ခဏအကြာတွင် မီးဖိုချောင်ဘက်ကနေ ကိုကောင်းမွန်မြတ်ထွက်လို့လာသည်။နန်းနန်း ကိုကောင်းမွန်မြတ်ကို ခိုးကြည့်ပြီးခပ်တည်တည်ပင် မေလေးနဲ့စကားပြန်ပြောနေသည်။
"မေလေးနဲ့ နန်းနန်း ကိုကို့ညီမလေးတွေစားဖို့ ကိုကိုထည့်ပေးထားတယ် ရော့..."
"ကျေးဇူးပါ ကိုကို"
မေလေးက ကျေးဇူးတင်စကားဆိုသော်လည်း နန်းနန်းကမပြောပေ။နှုတ်ခမ်းကြီးစူပြီးသာနေနေလေသည်။
"နန်းနန်း ကိုကို့ကိုစိတ်ကောက်နေတာလား"
"omm"
.
.
."နန်းနန်း ကိုကောင်းမွန်မြတ်ကိုကျေးဇူးတင်စကားပြောလိုက်ဦးလေ"
"မေမေ.......ကိုကောင်းမွန်မြတ်ကို ဘာကိစ္စကျေးဇူးတင်ရမာလဲ.....နန်းနန်းတို့ကကျောင်းသွားတာ ဘာလုပ်ဖို့လဲ....မေမေဖြေကြည့်"
VOCÊ ESTÁ LENDO
နှလုံးသွေးဖြင့် ဆေးပါရစေ (Completed)
Romance#Normal #Myanmar fiction #punishment type #ဆိုးသွမ်းလွန်းတဲ့ကောင်မလေးနဲ့ တည်ငြိမ်ရင့်ကျက်တဲ့ကောင်လေးရဲ့အချစ်ဇာတ်လမ်း #ဖတ်ကြည့်ပါ တစ်ခုခုတော့ကျန်မှာပါ