အပိုင်း 3
ကောင်းမွန်မြတ် သူ့ညီမလေးအတွက် ကလစ်ဝယ်လာပြီးနောက် အမေ့ဆီကို ပြန်သွားလိုက်သည်။
အမေက စျေးခြင်းတောင်းလေးကိုကိုင်ကာ မတ်တပ်ရပ်နေသည်။ အမေ့ပါးပြင်ထက်က ပါးကွက်တို့က ချွေးကြောင့်အနည်းငယ် ပျက်လို့နေ၏။"အမေ ဒီမယ် ကလစ်လေးလှလား"
ကောင်းမွန် ပြုံးကာ အမေ့ကိုပြလိုက်သည်။
"သား...မင်း ညီမလေးက တကယ်ပျော်နေတော့မာ"
"ဟီး သားက မေလေးကိုအမြဲပျော်စေချင်တာအမေရ"
"လာ သား...အမေတို့ကြီးကြီးခင်တို့အိမ်ကနေ ရထားစောင့်ရအောင်"
ကောင်းမွန်မြတ် သူ့အမေနှင့်အတူ ကြီးကြီးခင်တို့ အိမ်ကို ဦးတည်ကာသွားနေသည်။
ကြီးကြီးခင်အိမ်သို့အရောက်.....
"ရည်မွန် ထမင်းစားရအောင် ခူးလိုက်မယ်နော်"
"တော်ပြီလေ ကြီးခင်....ကျမတို့မဆာသေးဘူး"
ဒေါ်ခင်မြင့်က မျက်မှောင်ကျုံ့လိုက်သည်။
ထို့နောက် ရေခဲသေတ္တာအားဖွင့်လိုက်ကာ လိမ္မော်သီးများကိုယူလိုက်သည်။"သူစိမ်းတွေကျနေတာပဲ ရည်မွန်ရယ်...စားစရာရှိတာစားပါကွယ်....ရော့ သားလေး လိမ္မော်သီးစားဦး"
"တကယ်မဆာလို့ပါ ကြီးခင်ရ"
"အေးပါအေးပါ ဆာတဲ့ချိန်တော့စား...ရထားကကြာဦးမယ်ထင်တယ် "
ကောင်းမွန် ကြီးကြီးခင်ကျွေးသောလိမ္မော်သီးများကို စားနေသည်။အမေနှင့် ကြီးကြီးခင်မှာ စကားများပြောနေသည်။
ညှောင်....ညှောင်.....
ကောင်းမွန် ကြောင်အော်သံကြားရာ ကျောဘက်သို့ ကြည့်လိုက်သည်။
အခန်းပေါက်ဝတွင်ထိုင်နေသော ကောင်မလေးတစ်ယောက်အနားတွင် ကြောင်ကလေးများစုကာနေသည်။
ထိုကောင်မလေးက မနက်က ဆာရီမလေးဖြစ်သည်။
ကောင်းမွန်သူ့နာမည်ကိုမေ့မလိုလိုဖြစ်နေသည်။အနည်းငယ်ပြန်စဥ်းစားကြည့်လိုက်မှ အိမ်စည်တဲ့။
ВЫ ЧИТАЕТЕ
နှလုံးသွေးဖြင့် ဆေးပါရစေ (Completed)
Любовные романы#Normal #Myanmar fiction #punishment type #ဆိုးသွမ်းလွန်းတဲ့ကောင်မလေးနဲ့ တည်ငြိမ်ရင့်ကျက်တဲ့ကောင်လေးရဲ့အချစ်ဇာတ်လမ်း #ဖတ်ကြည့်ပါ တစ်ခုခုတော့ကျန်မှာပါ