အပိုင်း 2
ဦးမောင်ဇင်တစ်ယောက် ဧည့်ခန်းထဲတွင် လမ်းလျောက်ရင်း တောက်တခေါက်ခေါက်ဖြစ်နေသည်။
"ဝါဝါ...နင့်မမကြီးခုထိမလာသေးဘူးလား"
"သမီး ခေါ်ထားပါတယ် ဆင်းလာပါမယ်တဲ့"
ပြောနေရင်း လှေကားကနေဆင်းလာသော ဒေါ်မြင့်ဖူးမောင်။နှုတ်ခမ်းနီကိုရဲနေအောင်ဆိုးထားပြီး ခေါင်းမှာလည်းနှင်းဆီပန်းတစ်ပွင့်ကပန်ထားသေးသည်။
"အမြင့်....ကိုယ် မင်းကိုပြောစရာရှိတယ်"
"ကို ပြောမာကို အမြင့်သိတယ်...သမီးလေးရဲ့ဂိုက်ဆရာမကိုအလုပ်ထုတ်လိုက်တဲ့ကိစ္စမလား"
"အမြင့်....မင်း သမီးလေးကိုနေရာတကာအလိုမလိုက်နဲ့...မင်းလုပ်နေတဲ့ပုံစံက ကိုယ်တို့သမီးလေးကိုချစ်ရာမရောက်ဘူးနော်"
ဒေါ်မြင့်ဖူးမောင် ယောကျ်ားဖြစ်သူကို တစ်ချက်ကြည့်လိုက်သည်။
"ကို....မြင့် ကတော့ သမီးလေးစိတ်ညစ်တာလုံးဝမမြင်ချင်ဘူး...သမီးလေးမျက်ရည်ကျတာလုံးဝမမြင်ချင်ဘူး...ကို့ကို မြင့် ပြောထားမယ်...မြင့်ရဲ့သမီးလေးကို လုံးဝလက်ပါပြီးမဆုံးမနဲ့နော်...မြင့် ရှားရှားပါးပါးရထားတဲ့ဒီသမီးလေးကို မြင့်လုံးဝအထိခိုက်မခံဘူး"
"တောက်"
ဦးမောင်ဇင် တောက်တစ်ချက်ခေါက်လိုက်သည်။
"အမြင့်....မင်း ရူးနေတာလား...မင်းပဲ သမီးကိုချစ်တာမဟုတ်ဘူး...ကိုယ်လည်းသမီးကိုချစ်တယ်...ဒါပေမယ့် ဆုံးမသင့်တဲ့အခါတွေမှာဆုံးမရမယ်"
"တော်ပြီ ကို...အမြင့် ဆက်မပြောချင်တော့ဘူး...သမီးလေးနဲ့ shoppingသွားဖို့ပြင်တော့မယ်"
ခဏအကြာ အိမ်ပေါ်ကဆင်းလာသော သားမိနှစ်ယောက်ကို ဦးမောင်ဇင်တွေ့လိုက်ရသည်။
"သမီး..."
သမီးလို့ခေါ်လိုက်သည်နှင့် ဒေါ်မြင့်ဖူးမောင်ရဲ့ မျက်စောင်းကဒိုင်းခနဲ သူ့ဆီကိုရောက်လာသည်။
"ဖေဖေ ဘာပြောမလို့လဲ...သမီးတို့အချိန်မရှိဘူးမြန်မြန်ပြော"
YOU ARE READING
နှလုံးသွေးဖြင့် ဆေးပါရစေ (Completed)
Romance#Normal #Myanmar fiction #punishment type #ဆိုးသွမ်းလွန်းတဲ့ကောင်မလေးနဲ့ တည်ငြိမ်ရင့်ကျက်တဲ့ကောင်လေးရဲ့အချစ်ဇာတ်လမ်း #ဖတ်ကြည့်ပါ တစ်ခုခုတော့ကျန်မှာပါ