အပိုင်း 28
စျေးဆိုင်များတွင် နန်းနန်းနဲ့တော်မယ့်ဘောင်းဘီရှည်နဲ့အင်္ကျီလက်ရှည်တို့ကို ကောင်းမွန်ရွေးနေသည်။ သူ့စိတ်ကြိုက်မတွေ့သဖြင့် တစ်ဆိုင်ပြီးတစ်ဆိုင်ရွေးရင်းကြာနေလေသည်။
ထို့နောက် အိမ်တွင်ကျန်ခဲ့သော သူ့အချစ်တော်ပန်ဒါလေး အစာစားရဲ့လား.....ငြိမ်ငြိမ်နေရဲ့လားကို ကြီးကြီးညိုဆီဖုန်းဆက်ရပြန်သည်။ကြီးကြီးညိုက ကားစီးရင်မူးတတ်လို့ဘယ်နေရာမှမလိုက်ဖြစ်ဘဲ အိမ်မှာနေခဲ့တာများသည်။ပန်ဒါလေးကတော့လိုက်ချင်နေပေမယ့် ကျန်းမာရေးသိပ်မကောင်းတာမို့ သူတမင်ထားခဲ့ရခြင်းဖြစ်သည်။
တစ်ဖက်တွင်မူ.....
ကလေးတွေအပြိုင်အဆိုင်ရေဆော့နေကြတာကို ကြည့်ပြီး နန်းနန်းဆော့ကစားချင်စိတ်ဖြစ်လို့လာသည်။လျှောစင်အမြင့်ကြီးပေါ်ကနေ ရေထဲကိုလှိမ့်ချနေကြသောကလေးတချို့ကနန်းနန်းအားရယ်ပြနေသည်။
ထို့နောက်တစ်ခါမှမမြင်ဖူးမတွေ့ဖူးသည့်ကလေးတွေကသူ့အား အနားနားကပ်ကာရေဆော့ဖို့လာခေါ်ကြသည်။
"မမတို့ မီးတို့နဲ့ရေဆော့ရအောင် လာလာ"
ပါးဖောင်းဖောင်းနဲ့ကောင်မလေးက နန်းနန်းလက်အားဆွဲထားသည်။
"မမ အကို့ကိုစောင့်နေတာ အကိုလာမှဆော့ကြမယ်လေနော်"
ကိုကောင်းမွန်မြတ်ကလည်းကြာလွန်းသည်။နန်းနန်းစိတ်က ရေမြင်ရင်ဆော့ချင်သည်။
"မမကလည်း ရေထဲကစောင့်မယ်လေနော်"
"မေလေး...အကိုကကြာတာ နန်းသူ့လက်ရှည်ဝတ်ပြီးရေထဲဆင်းလိုက်တော့မယ်"
"အေးဟာ လာဆင်းမယ်... ကိုကိုကဒီလောက်ကြ ကြာနေပြီ.....မဟုတ်တော့ဘူး....မဟုတ်လည်း သူ့လက်ရှည်ပါတာပဲ လာသွားမယ်"
.
.
.လျှောစင်အမြင့်ကြီးပေါ်သို့ နန်းနန်းနဲ့မေလေးတက်လို့သွားလေသည်။ထို့နောက် ရေထဲကိုလျှောချလိုက်သည်။
"အား....မေလေး"
ဗွမ်း
နန်းနန်းရေထဲကို မှောက်ပြီးကျလေသည်။အနည်းငယ်မွှန်းသွားလေသည်။သူ့ရဲ့မျက်မှန်လေးလည်းရေထဲကိုကျသွားလေသည်။
ВЫ ЧИТАЕТЕ
နှလုံးသွေးဖြင့် ဆေးပါရစေ (Completed)
Любовные романы#Normal #Myanmar fiction #punishment type #ဆိုးသွမ်းလွန်းတဲ့ကောင်မလေးနဲ့ တည်ငြိမ်ရင့်ကျက်တဲ့ကောင်လေးရဲ့အချစ်ဇာတ်လမ်း #ဖတ်ကြည့်ပါ တစ်ခုခုတော့ကျန်မှာပါ