အပိုင်း 27

544 42 8
                                    

အပိုင်း 27

ကောင်းမွန်မြတ်တစ်ယောက် ခြံထဲမှာရှိသည့် ပိတောက်ပင်အောက်တွင်တစ်ယောက်တည်းထိုင်နေသည်။

ထိုစဥ်သူ့အနားကို မေလေးပြေးလို့လာသည်။

"ကိုကို ကိုကို ဒီမှာကြည့်ဦး....ဒီအပန်းဖြေစခန်းကိုသွားရအောင်"

တက္ကသိုလ်ဝင်စာမေးပွဲကြီးဖြေဖို့ အချိန်အားဖြင့်4လသာလိုတော့သည်။ကောင်းမွန် မေလေးအားမသွားစေချင်။အရင်တစ်ပတ်ကလည်းပြင်ဦးလွင်သွားချင်တယ်ဆိုလို့လိုက်ပို့ထားသေးသည်။

"မေလေး ညီမလေး စာမေးပွဲနီးနေပြီလေ...အပျော်အပါးတွေမမက်နဲ့တော့ကလေး....စာမေးပွဲပြီးမှကိုကို tripလိုက်ပို့မယ်လေ"

မေလေး ကိုကို့အားစိတ်ကောက်မည်တွေးလိုက်သည်။စောနာက ကိုကို့အားပြနေ သောဖုန်းကိုချက်ချင်းမြေကြီးပေါ်ပစ်ချလိုက်သည်။

"ဟမ်....အဲ့တာဘာဖြစ်တာလဲ...အရင်ပတ်ကမှပြင်ဦးလွင်သွားထားတာကို"

"ကိုကိုမှလိုက်မပို့တာ...အဲ့တာက အခုနာမည်ကြီးနေတဲ့ဟာကို"

မေလေးက အရင်ကလို သူ့စကားတွေသိပ်နားမထောင်တော့တာကောင်းမွန်သတိထားမိသည်။အနည်းငယ်ဂျစ်တတ်လာသည်။အလိုလိုက်မိလို့ ဆိုးသွားတာများလားဟုသူတွေးမိသည်။

"မေလေး....5ချက်ထက်ပိုမရိုက်ဘူးဆိုတဲ့နေ့ကနေစလို့ မေလေးဆိုးလာတယ်နော်....ကိုကို့စကားတွေ အရင်ကလိုလည်းနားမထောင်တော့ဘူး....မေလေးက ကိုကို့ကိုမချစ်တော့ဘူးထင်တယ်"

"ကိုကို ...မေလေးကိုကို့ကိုချစ်တာပေါ့"

"ချစ်တယ်ဆိုရင် ကိုကို့စကားနားထောင်လေ...မေလေးကကိုကို့ကိုလည်းမလေးစားတော့ဘူးမကြောက်တော့ဘူး ...မေလေးကအစကတည်းကတုတ်ကိုပဲကြောက်တာနေမာပါ"

မေလေး ချက်ချင်း မျက်ရည်ဝဲလာသည်။ထို့နောက် အော်ပြီးငိုလိုက်မိသည်။

"အီးဟီး...ကိုကိုက မေလေးကိုမချစ်ဘူး အီးဟီး"

ကောင်းမွန်မြတ် ငိုနေသောညီမဖြစ်သူကြောင့်စိတ်မကောင်း။

"မေလေး"

"ရတယ်... ဒီနေ့ကစ 5ချက်ထက်ပိုရိုက်လို့ရတယ်"

နှလုံးသွေးဖြင့် ဆေးပါရစေ (Completed)Where stories live. Discover now