အပိုင်း 35

536 31 13
                                    

အပိုင်း 35

သဇင်ဆောင်ရှေ့က နှင်းဆီပန်းပင်လေးတွေမှာ လှရက်စွာဖူးပွင့်နေသည်။သပြေပင် စံပယ်ပင်စသောအလှပန်းပင်လေးတွေလည်းရှိသည်။ပန်းမခူးရဟုစည်းကမ်းထုတ်ထားသဖြင့် ဘယ်သူမှမထိရဲကြ။
စည်းကမ်းမလိုက်နာဘဲခူးပါက ပြစ်ဒဏ်အနေနှင့်  ပန်းပင်တစ်ပင်ဝယ်ပေးရသည်။ ဒါမှမဟုတ် ပန်းခြံကို ရေလောင်းပေါင်းသင်လုပ်ရသည်။မြေဆွေးကျွေးရသည်။

တင်းကြပ်လှသောစည်းကမ်းများနှင့်ဖြတ်သန်းလာခဲ့တာ အခုဆို ပထမနှစ်ရဲ့ ဒုတိယနှစ်ဝက်ပင်ရောက်လာလေပြီ။

နန်းနန်း တန်းပြကို ကောလိပ်အနားကလေ့ကျင့်ရေးကျောင်းမှာသာဆင်းလိုက်သည်။မေလေးကတော့ သူတို့ရပ်ကွက်ထဲရှိ မူလတန်းကျောင်းလေးမှာတန်းပြဆင်းသည်။

နန်းနန်း ကောလိပ်ရောက်စတုန်းက ကျောင်းမြန်မြန်ပြီးချင်ပေမယ့် အခု​တော့ ကောလိပ်ကိုခင်တွယ်လာလေပြီ။သံယောဇဥ်ရှိလာလေပြီ။ အစက ကိုကောင်းမွန်မြတ်ကိုအရွဲ့တိုက်ချင်စိတ်နဲ့သာ ဒီပညာရေးကောလိပ်ကိုရွေးခဲ့တာဖြစ်သည်။ လေ့ကျင့်ရေးကျောင်းမှာတန်းပြဆင်းလာပြီး ကလေးတွေနဲ့ဖြတ်သန်းရတဲ့တစ်လျှောက်မှာ သူစစ်မှန်သောပျော်ရွှင်မှုကိုရလာသည်။ဟန်ဆောင်ကင်းပြီး ရိုးသားသောကလေးငယ်များကို သူတကယ်သံယောဇဥ်ဖြစ်မိသည်။စာသင်ရတာကိုတကယ်ပျော်လာသည်။

ကောလိပ်ရဲ့ ထမနဲထိုးပြိုင်ပွဲ၊အားကစားပြိုင်ပွဲ၊စိုက်ပျိုးရေးပြိုင်ပွဲ၊ပန်းချီပြိုင်ပွဲ၊ဂီတပြိုင်ပွဲ၊ကဗျာပြိုင်ပွဲ၊ချည်ထိုးပြိုင်ပွဲ၊စာစီစာကုံးပြိုင်ပွဲ၊အလှမယ်ပြိုင်ပွဲ၊အေရိုးဗစ်ပြိုင်ပွဲတွေမှာ သူပါဝင်ဆင်နွှဲခဲ့သည်။
ကျောင်းပြီးမှာတောင်နှမြောမိလောက်တဲ့အထိ ဒီမန္တလေးပညာရေးကောလိပ်ကို သူမြတ်နိုးတွယ်တာမိသည်။

ကောင်းစေချင်လို့ဆုံးမကြသောအဆောင်မှူးဆရာမများရဲ့ကျေးဇူးတွေကိုလည်းသူမြင်လာသည်။အိပ်ခန်းထဲက အမကြီးများနဲ့ခွဲရတော့မာကိုလည်းဝမ်းနည်းမိသည်။နောက်နှစ်ဆို နန်းနန်းတို့ ဒုတိယနှစ်အမကြီးတွေဖြစ်တော့မည်။

နှလုံးသွေးဖြင့် ဆေးပါရစေ (Completed)Onde histórias criam vida. Descubra agora