အပိုင်း 11

777 35 21
                                    

အပိုင်း 11

ကောင်းမွန်မြတ် မျက်နှာသစ် မနက်စာစားပြီးသည်နှင့် စာသင်မည့်အခန်းထဲတွင် တီချယ်ကို ထိုင်ကာစောင့်နေသည်။ ဦးလေးမောင်ဇင်ပြောပြချက်အရ တီချယ်က အသင်အပြကောင်းပြီးစည်းကမ်းကြီးသည်ဟုသိရသည်။

ခဏအကြာတွင် ဦးလေးနှင့်အတူ တီချယ်ဝင်လို့လာသည်။ အသက်ကြီးမည်ထင်သော်လည်း တီချယ်အသက်မှာငယ်မည့်ပုံစံပင်။ ရှမ်းကန်ထဘီနှင့် အင်္ကျီအပွင့်ကိုဝတ်ဆင်ထားသောတီချယ်က လှရက်လွန်းသည်။ အသက်ကိုခန့်မှန်းကြည့်ရမည်ဆိုပါက 22/23 နှစ်လောက်သာရှိလောက်မည်။

ကောင်းမွန် တီချယ်ကိုနှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ တီချယ်"

သူ့နှုတ်ဆက်စကားကို တီချယ်က ခေါင်းငြိမ့်ကာ ပြုံးပြလေသည်။

"ကောင်းမွန် ငါ့သား ဒါက ဆရာမ ဒေါ်နှင်းနုဝေတဲ့...ဆရာမက အသက်သာငယ်တယ် ပညာကမငယ်ဘူးနော်.... ဆရာမစကားနားထောင်ပြီး ကြိုးစားရမယ်နော်ငါ့သား"

"ဟုတ်ကဲ့ ဦးလေး"

....................

"ကဲ...တီချယ် အချိန်ဇယားလေးအရင်ပြောပြမယ် ပြီးတော့ ကောင်းမွန်မြတ် ငါ့သားက ဆရာဝန်ဖြစ်ချင်တယ်ဆို ဟုတ်လား"

"ဟုတ်ကဲ့ တီချယ်"

"တီချယ် 9/10တုန်းက လေ့ကျင့်ခဲ့သလို မင်းကိုtrainပေးမယ်...ပြီးတော့ တီချယ်ရဲ့စည်းကမ်းတွေကိုလည်း သားလိုက်နာရမယ်...ပြီးတော့ တီချယ်ကမင်းမလိမ်မာလို့ ဆူတာငေါက်တာရှိရင်နာခံရမယ်...ပြီးတော့ စာနဲ့ပတ်သက်ရင် လုံးဝအလျော့မပေးဘူး...ဆရာဝန်ဖြစ်ချင်တာဆိုတော့ ပိုကြိုးစားရမယ်နော်"

"ဟုတ်ကဲ့ တီချယ်"

"မင်းက လိမ်မာတယ်လို့ဦးလေးကပြောတယ် ...တီချယ်အထွေအထူးပြောစရာမရှိလောက်ပါဘူး"

...............

ကောင်းမွန်တို့ စာစသင်ကြကြသည်။
တီချယ်က တကယ်အသင်အပြကောင်းသည်။ သူစာသင်နေရင် အာရုံစူးစိုက်မှကြိုက်သည်။ သင်္ချာပုစ္ဆာတစ်ပုဒ်ကိုလည်း တွက်နည်းအမျိုးမျိုးနှင့်တွက်ပြသည်။ သူကချည်း ရှေ့ကနေတွက်ပြသွားတာမျိုးမဟုတ်ဘဲ ကောင်းမွန်အား သူနှင့်အတူစဥ်းစားတွေးတောစေပြီး အတူတူတွက်ခိုင်းသည်။

နှလုံးသွေးဖြင့် ဆေးပါရစေ (Completed)Donde viven las historias. Descúbrelo ahora