အပိုင်း 21
ကိုယ်ချစ်ရတဲ့သူက ကိုယ်နဲ့ တစ်ခြားတစ်ယောက်ယှဥ်လာသည့်အခါ တစ်ခြားတစ်ယောက်ကိုသာရွေးသွားသည့်ခံစားချက်က အောင့်သက်သက်နိုင်လွန်းသည်။
နန်းနန်း ကိုကောင်းမွန်မြတ်ရဲ့ဒေါသအပြည့်နှင့် သူ့အားစိတ်ပျက်သဖွယ်ကြည့်နေသောမျက်ဝန်းတို့နှင့်ထပ်မဆုံချင်တော့ပေ။ သူ ပင်ပန်းနွမ်းနယ်နေသလိုခံစားနေရသည်။စိတ်ထောင်းကိုယ်ကြေဆိုသလိုမျိုး စိတ်က အဆင်မပြေတော့တာမို့ သူ့ရဲ့ခန္ဓာကိုယ်ဟာလည်း လေးလံထိုင်းမှိုင်းနေသည်။
မရွှေအိမ်စည်နေရာတွင်သူဖြစ်သွားတာ ကောင်းလိမ့်မည်။.......
"နန်းနန်း နင့်ဒဏ်ရာတွေဆေးထည့်ရအောင် ...ဆေးရုံရောက်နေတာဆိုတော့ ဆရာဝန်တွေလည်းပေါတယ် ငါတို့သွားပြရအောင်...အန်တီက ရန်ကုန်ကနေ ချက်ချင်းပြန်လာနေပြီတဲ့ စောနာကဖုန်းဆက်တယ်"
နန်းနန်း သူရဇော်ပြောစကားကို နားထဲမဝင်။တွေးချင်ရာတွေသာတွေးနေမိသည်။
New yearညအစီအစဥ်လည်း ဒီလိုပုံစံဆိုနန်းနန်း ပျော်ရလိမ့်မည်မဟုတ်။"ဟ နန်းနန်း ဘာလို့တိတ်နေတာလဲ"
"ဟင်"
"ဆရာဝန်ဆီသွားရအောင်လို့.....နင့်ရှေ့က ဆေးကျောင်းသားက ကြင်နာမှုမရှိလိုက်တာ"
သူရဇော်က နန်းနန်းအား ဆရာဝန်နဲ့ပြဖို့ပြောပေမယ့် နန်းနန်းမပြဘဲ ပေကပ်ကာထိုင်နေလိုက်သည်။
"ရတယ် ဒီလောက်က အေးဆေး"
ကောင်းမွန်မြတ် အခုမှ နန်းနန်းဒဏ်ရာကိုသတိထားမိသည်။
"နန်းနန်း လာဆေးသွားထည့်ရအောင်"
"ဟင့်အင်း ရတယ်"
"နန်းနန်း ကိုကိုနဲ့စကားပြောရအောင် အပြင်ခဏလောက်လိုက်ခဲ့ဦး....ညီလေး ဒီမှာခဏလောက်နေခဲ့ပေးနော် အိမ်စည်သတိရလာရင်အကို့ကိုလာခေါ်ပေး...သူ့မိဘတွေရော အကိုဖုန်းဆက်ထားတာမို့ခဏနေရင်လာမာ"
သူရဇော် သူ့ရှေ့က ဘိုးတော်ကိုဆွဲထိုးပစ်ချင်သည်။
"သူရဇော် ငါအပြင်ခဏသွားမို့ ဒီမှာပဲစောင့်နေနော်"
YOU ARE READING
နှလုံးသွေးဖြင့် ဆေးပါရစေ (Completed)
Romance#Normal #Myanmar fiction #punishment type #ဆိုးသွမ်းလွန်းတဲ့ကောင်မလေးနဲ့ တည်ငြိမ်ရင့်ကျက်တဲ့ကောင်လေးရဲ့အချစ်ဇာတ်လမ်း #ဖတ်ကြည့်ပါ တစ်ခုခုတော့ကျန်မှာပါ