အပိုင်း 29
"စက်ဘီးကလေး ကလင်ကလင် လမ်းကြိုလမ်းကြားဝင်.....စက်ဘီးကလေးဘီးပေါက် ငါ့ချစ်သူလေးစိတ်ကောက်.....မကောက်ပါနဲ့ချစ်သူရယ် ကြံရည်ဝယ်တိုက်မယ်....ကြံရည်ကအမြှုပ်ထ ငါယူမှာကတရုတ်မ...တရုတ်မဟေ့တရုတ်မ......ဟေ့တရုတ်မဟေ့တရုတ်မ"
ထူးထူးမြင့်ဇော် ကောင်းမွန်ပေးသောအိမ်စာတွေကို မြန်မြန်ရေးပြီးလမ်းထိပ်မှာစက်ဘီးလျောက်စီးနေခြင်းဖြစ်သည်။
စက်ဘီးစီးနေရင်း သူကြိတ်ပြီးသဘောကျနေရသောတရုတ်မလေး အားချုံကိုမြင်သော် အနောက်ကနေလိုက်ပြီး ရည်းစားစကားပြောမည်ဟုတွေးလိုက်သည်။"တရုတ်မဟေ့ တရုတ်မ...တရုတ်မဟေ့ တရုတ်မ...ဟေ့အားချုံ ဝေါ်အိုက်နီ"
အားချုံက သူ့အားမျက်စောင်းထိုးသည်။ဗမာစကားတတ်သောအားချုံက သူ့အားဒေါသကြီးစွာနဲ့သတိပေးသေးသည်။
"ထူးထူးမြင့်ဇော် ငါ့နောက်ကနေဆက်မလိုက်နဲ့...ငါစိတ်တိုနေတာနော် တစ်ခုခုလုပ်မိလိမ့်မယ်"
"နင်ကလည်းဟာ ငါနင့်ကိုတကယ်ချစ်တာပါဟာ...ကြိုက်တာမဟုတ်ဘူးချစ်တာ...like မဟုတ်ဘူး love"
"ဟူး....အေးဆက်လိုက်လာရင် ငါ့အဆိုးမဆိုနဲ့"
ထူးထူးမြင့်ဇော် အားချုံနောက်ကနေဆက်လိုက်သွားသည်။
အားချုံကကျောက်ခဲတစ်ခဲကို ကိုင်ကာလမ်းဆက်လျောက်နေသည်။
"ထူးထူးမြင့်ဇော် ဆက်မလိုက်နဲ့နော် ငါခဏခဏသတိပေးတယ်နော်"
"လိုက်မာပဲ လိုက်မာပဲ ငါ့ကိုလာမတားနဲ့"
တောက်...
ခွပ်..
"အာ့ တကယ်လုပ်တာဟ အားချုံ...ချဥ်ပေါင်ရိုးမ...တုတ်ထိုးမ အားချုံ.....အီးဟီး"
အားချုံ သူ့အားစောနာကချစ်တယ်လို့ပြောသောထူးထူးမြင့်ဇော်က အခုသူ့ကိုဆဲနေသည်ကိုမယုံနိုင်။
"မေမေရေ အီးဟီး...သွေးတွေထွက်နေပြီ...အီးဟီး"
ထူးထူး စက်ဘီးကို မြန်မြန်နင်းပြီး အိမ်ကို သွားလိုက်သည်။
"မေမေရေ...ထူးထူးခေါင်းမှာ သွေးတွေ"
"အယ် သားလေးဘာဖြစ်တာလဲ...မဖြစ်ဘူးမဖြစ်ဘူး ကောင်းမွန်လေးကိုဖုန်းဆက်ပြီးချုပ်ခိုင်းရမယ်...မိုးဆွေရေ ကောင်းမွန်ဆီကိုဖုန်းဆက်ပေးဦး "
YOU ARE READING
နှလုံးသွေးဖြင့် ဆေးပါရစေ (Completed)
Romance#Normal #Myanmar fiction #punishment type #ဆိုးသွမ်းလွန်းတဲ့ကောင်မလေးနဲ့ တည်ငြိမ်ရင့်ကျက်တဲ့ကောင်လေးရဲ့အချစ်ဇာတ်လမ်း #ဖတ်ကြည့်ပါ တစ်ခုခုတော့ကျန်မှာပါ