အပိုင်း 16

772 39 18
                                    

အပိုင်း 16

နန်းနန်းတစ်ယောက် အိမ်ကိုရောက်ရောက်ချင်း မေလေးဆီက သင်္ချာစာအုပ်ကို ယူကာကူးတော့သည်။
နန်းနန်း ကူးနေတာသာ ကောင်းမွန်မြတ်မြင်ရင် ဒေါသထွက်မာအသေအချာပင်။

"နန်းနန်း ဖြေးဖြေးကူး လက်ရေးတွေမလှလို့ လက်ဆစ်ခေါက်ခံနေရမယ်"

"အေးပါမေလေးရာ စိတ်ချစိတ်ချ"

ကိုကိုက လက်ရေးမလှရင် မေလေးနဲ့နန်းနန်း၏ လက်ဆစ်အားပေတံစောင်းနဲ့အမြဲချသည်။ စည်းစနစ်ကျနသောကိုကို့ရဲ့သင်ပြမှုများကြောင့် နန်းနန်းလက်ရေးလည်းအရင်လိုမဆိုးတော့ပေ။
......

"မေလေး... ပြီးသွားပြီ ကျေးဇူးနော်...အား လက်တွေညောင်းလိုက်တာ"

"မနက်ဖြန် ကျောင်းကြ မေလေးရှင်းပြတာကိုနားထောင်ရမယ်နော် နန်းနန်း"

"အိုကေပါရှင့်"

"ပေး လက်"

မေလေး နန်းနန်းရဲ့လက်ကိုယူလိုက်ကာ လက်ဆစ်လေးတွေကို အညောင်းပြေအောင်လုပ်ပေးလိုက်သည်။ ချစ်ရသူနန်းနန်းကိုအရိုက်မခံစေချင်သောကြောင့် သူအခုလို ကူးချခွင့်ပေးလိုက်ရပေမယ့် စိတ်ထဲတွင် ဘဝင်မကျလှ။ကိုကို့စကားတွေ ဖယ်ရှားမိတာ နားမထောင်မိတာမေလေးတော်တော်ပင်များနေပြီ။ ကိုကိုသိရင်သူ့အားစိတ်ပျက်လောက်မည်။ မေမေမရှိကတည်းက သူ့အားအဖေလိုအမေလိုအကိုလိုစောင့်ရှောက်ပေးသောချစ်ပေးသောကိုကို့စကားတွေကို နန်းနန်းကြောင့်အလေးအနက်မထားမိတာများခဲ့ပြီ။အခုကိစ္စကို ကိုကိုသိရင်လည်း သူရောနန်းနန်းရောလွယ်မည်မဟုတ်။

............

ဆိုင်ကယ်သံကြားသောကြောင့် နန်းနန်းနဲ့မေလေး ကိုကိုပြန်လာပြီဆိုတာသိလို့ စာကိုသာအာရုံစိုက်ကြည့်နေကြသည်။ ကိုကိုက စာသင်ခန်းထဲရောက်နေရင်လည်းစကားပြောတာမကြိုက်။သူမလာခင်စာကြည့်နေတာကိုကြိုက်သည်။

"အိမ်စည် လာလေ"

အိမ်ထဲသို့ဝင်တော့မည့်ရွှေအိမ်စည်ခြေလှမ်းတွေကတွန့်ဆုတ်နေသဖြင့် ကောင်းမွန်လက်ဆွဲကာခေါ်လိုက်သည်။

နှလုံးသွေးဖြင့် ဆေးပါရစေ (Completed)Donde viven las historias. Descúbrelo ahora