အပိုင်း 9

763 34 16
                                    

အပိုင်း 9

တစ်နှစ်ခန့်ကြာသော်....

"ဟား...လိုက်ဖမ်းလေ လိုက်ဖမ်း...ဟား"

ခြံထဲတွင် ပြေးလွှားဆော့ကစားနေသူ ကောင်မလေးနှစ်ယောက်။နန်းနန်း ကို မေလေးအနောက်ကနေ လိုက်ဖမ်းနေသည်။နန်းနန်းနှင့်မေလေးတို့ သူငယ်ချင်းသံယောဇဥ်ဟာရစ်ပတ်နှောင်ဖွဲ့နေလေပြီဖြစ်သည်။နန်းနန်းကို မေမွန်မြတ်နှင့် တည့်လိမ့်မယ်လို့ တစ်အိမ်လုံးကမထင်။နန်းနန်းက ဘယ်သူနဲ့မှမတည့်သဖြင့် အခုနန်းနန်းမေလေးနဲ့ခင်မင်သွားသည်က မှတ်တမ်းတင်ထားဖို့ကောင်းလွန်း၏။

"နန်းနန်း မိလို့ရှုံးရင် ကတိပေးရမာနော်ပြောပြီးသား"

မေလေး နန်းနန်းအား ကိုကိုနှင့်အတူစာသင်မည်ဟူသောကတိကို မရရအောင်တောင်းမည်တွေးထားသည်။

"လိုက်လေ...လာ...လာ...အင့်"

နန်းနန်း ကိုကောင်းမွန်မြတ်နှင့်ဝင်တိုက်လေသည်။ကိုးတန်းအရွယ်နှင့် လေးတန်းအရွယ် ဖြစ်သဖြင့် နန်းနန်း ခေါင်းက ထိုအကိုကြီးခါးနားတွင်ဖြစ်သည်။

"အား မိပြီ"

မေလေးမှာ နန်းနန်းကိုဖမ်းမိသွားလေပြီ။

"အာ.....မွန်မြတ် နင့်အကိုကြောင့်ငါရှုံးသွားတာ...မတရားဘူးပြန်ဆော့မယ်....ဒီဘိုးတော်သာ ငါပြေးမယ့်လမ်းလာမရပ်ရင် ငါမရှူံးဘူး"

ကောင်းမွန်မြတ် သူ့ရှေ့က ကလေးနှစ်ယောက်ကို ရပ်ကြည့်နေသည်။သူ့အားဘိုးတော်လို့သုံးကာပြောလိုက်သောနန်းနန်းအား စိတ်ရှိလက်ရှိပါးကိုဖဲ့ပစ်ချင်သည်။

"နန်းနန်း....မယုတ်မာနဲ့ ...လူဆိုတာကတိတည်ရတယ်နော်"

"မေလေး....ဘာကတိတွေတောင်းနေတာလဲ"

ကိုကို့ဆီကမေးလာသည့်အဖြေကို မေလေးရယ်ကာဖြေလိုက်သည်။

"ကိုကို...မေလေး နန်းနန်းကို ကတိတောင်းထားတယ်...အဲ့ကတိက ဆော့တာသူရှုံးသွားရင် ကိုကိုနဲ့စာသင်ပါ့မယ်ဆိုတဲ့ကတိ"

"သြော်"

နန်းနန်း ကိုကောင်းမွန်မြတ်ကိုမော့ကြည့်လိုက်သည်။ကိုကောင်းမွန်မြတ်ကလည်း သူ့အားငုံ့ကြည့်လိုက်သည်။မျက်လုံးချင်းဆုံသွားသည့်ခဏတွင် နန်းနန်းရင်တွေတမျိုးဖြစ်လို့လာသည်။ထိုအကိုကြီးက သူ့အား ခပ်စူးစူးအကြည့်ဖြင့်ကြည့်နေသည်။

နှလုံးသွေးဖြင့် ဆေးပါရစေ (Completed)Donde viven las historias. Descúbrelo ahora