အပိုင်း 41

757 46 13
                                    

အပိုင်း  41

ည 10နာရီပင်ရှိလေပြီ။ ကိုကိုက သူ့အားအခုထိစာမပို့သေး။လိုင်းပေါ်လည်းတက်မလာ။ မနက်ကျောင်းသွားရမည်ဖြစ်လို့ နန်းနန်းညနက်ထိနေလို့မရ။စောစောအိပ်ရမည်ဖြစ်သည်။ကိုကိုနဲ့စိတ်ဆိုးပြီးလည်း ညမအိပ်တတ်သောကြောင့် ဘာလုပ်လို့လုပ်ရမလဲဖြစ်နေသည်။

ထိုစဥ် ...

Ring...Ring

နန်းနန်း ဟန်မဆောင်နိုင်ဘဲ ချက်ချင်းဖုန်းကိုင်လိုက်သည်။

"ကိုကို...ဘာလို့ခုမှဆက်တာလဲ...Babeက ကြာလှပြီ ကိုကို့စောင့်နေတာကို"

"နန်းသဇင်မြင့် အခုချက်ချင်း မုန့်ဖြစ်ဖြစ် တစ်ခုခုစား...စားပြီးမှအိပ်"

ကိုကိုက မေမေနဲ့ဖုန်းပြောပြီးလောက်ပြီထင်သည်။

"ကိုကို...မေမေနဲ့ဖုန်းပြောပြီးတာလား"

"အင်း.."

"ကိုကို...Babe ကိုကို့ကိုလွမ်းတယ်...ကိုကို့ကို အာဘွားပေးချင်တယ် "

"မုန့်အရင်သွားစား.... စားပြီးရင်ဖုန်းထဲကနေပေး...ဟုတ်ပြီလား"

"အာ မေ့နာ...ကိုကို့ကို Babeစိတ်ကောက်နေတာ ...ကိုကိုနဲ့Babeနဲ့ကမခေါ်ဘူးလေ မေ့နေတယ် ခေါင်းက"

ကောင်းမွန်ပြုံးလိုက်မိသည်။နန်းနန်းရဲ့ အခုဖြစ်နေမည့်မျက်နှာပုံစံကိုပုံဖော်ကြည့်နေမိသည်။ကလေးတွေနဲ့ဆို ရင့်ကျက်လွန်းတဲ့ဆရာမလေးက သူနဲ့ဆို ကလေးဆိုးလေးတစ်ယောက်လိုပြုမူတတ်သည်။အပြောင်းအလဲလည်းမြန်လွန်းသည်။

"နန်းနန်း...Vcခေါ်မယ်...မုန့်သွားစား"

"ကိုကိုနဲ့ Babeနဲ့မှမခေါ်တာကို"

"နန်းနန်း...မဂျစ်နဲ့....မနက် ကျောင်းသွားရဦးမယ်လေ...စောစောအိပ်ရမယ်"

"Babeအိပ်တော့မယ်ကိုကို...ဘိုင်...စိတ်ကောက်နေတာကိုဘာလို့ကောက်နေတယ်မသိဘူးနော် ကိုကိုက....ဟူး"

သက်ပြင်းချသံလေးကအစ အလိုမကျတဲ့မျက်နှာလေးအဆုံး ကောင်းမွန်ချစ်သည်။

"Babe ...ကိုကို့ကိုပြော ....စိတ်ကောက်ရတဲ့အကြောင်းအရင်းကို ...ကိုကိုချော့မယ်"

နှလုံးသွေးဖြင့် ဆေးပါရစေ (Completed)Where stories live. Discover now