အပိုင်း 38
"အာ့...ကျစ်"
"သား...ကောင်းမွန် နိုးပြီလား"
ကြီးကြီးညိုက သူ့ရဲ့ဘေးမှာဘယ်ချိန်ကတည်းကထိုင်နေသည်လဲမသိ။ကြီးကြီးညိုရဲ့အကြည့်က သူ့အားစိတ်ပူနေသည့်အရိပ်အယောင်အပြည့်နှင့်။
"ကြီးကြီး...ကျနော် အလွန်အကျွံသောက်မိသွားတယ်...တောင်းပန်ပါတယ်ကြီးကြီး"
"အင်း...မနေ့ညက အိမ်စည်လိုက်ပို့တာ...သူလည်းမိုးချုပ်တော့ဒီမှာအိပ်သွားတာ....dutyရှိလို့ဆိုပြီးမနက်အစောက ပြန်သွားပြီ.... သား နိုးရင် ခေါင်းကိုက်နေမှာစိုးလို့ ဆေးပေးထားခဲ့တယ်သား...ဒီစွပ်ပြုတ်လေးရောသောက်ခိုင်းလိုက်တဲ့"
"ဟုတ်ကြီးကြီး"
ကောင်းမွန် ကိုက်နေသောခေါင်းကို အသာဖိလိုက်သည်။ဒီနေ့dutyမရှိလို့တော်သေးသည်။
"သား...မနေ့ညက ထူးထူးအမေဖုန်းဆက်သေးတယ်...ထူးထူး အိမ်ပြန်မလာလို့တဲ့...သားဆီမှာရှိလားလို့ဖုန်းဆက်တယ်"
"ဟာ ဟုတ်လား.....ထူးထူး ဘယ်ရောက်နေပါလိမ့်"
ကောင်းမွန် အိပ်ရာကနေထပြီး ရေချိုးလိုက်သည်။
သူ့ခေါင်းထဲတွင်နန်းနန်းက စိုးမိုးနေသည်။
နန်းနန်းရဲ့ ခါးသီးသောမျက်လုံးတွေ၊စကားသံတွေနားထဲကနေထုတ်မရ။
ကောင်းမွန် ရေချိုးပြီးနောက် စွပ်ပြုတ်ကိုသောက်လိုက်သည်။ထို့နောက် ထူးထူးအိမ်ကိုသွားဖို့ပြင်လိုက်သည်။
လမ်းတွင်မေလေးဆီက ဖုန်းလာလို့ကိုင်လိုက်သည်။
"hello မေလေး"
"ကိုကို...မေလေးအားလုံးအဆင်ပြေတယ်သိလား...ပြီးတော့ ဖေဖေနဲ့မေမေရဲ့အငွေ့အသက်တွေလည်းရတယ်...ပိုးပိုးတို့ကလည်း မေလေးနဲ့အတူတူနေပေးမှာမို့ မေလေးကိုစိတ်မပူနဲ့နော်ကိုကို"
"အင်း ကိုကို့ညီမလေးအဆင်ပြေရင်ပြီးရော...မေလေး ကိုကို ညီမလေးကိုအများကြီးချစ်တယ်နော်"
"ဟုတ်ကိုကို...ဒါနဲ့မေလေး တောင်းပန်ပါတယ်ကိုကို...မေလေး နန်းနန်းကိုရော ဟို"
YOU ARE READING
နှလုံးသွေးဖြင့် ဆေးပါရစေ (Completed)
Romance#Normal #Myanmar fiction #punishment type #ဆိုးသွမ်းလွန်းတဲ့ကောင်မလေးနဲ့ တည်ငြိမ်ရင့်ကျက်တဲ့ကောင်လေးရဲ့အချစ်ဇာတ်လမ်း #ဖတ်ကြည့်ပါ တစ်ခုခုတော့ကျန်မှာပါ