Unicode
ရန်ကုန်မြို့ရှိနာမည်အကြီးဆုံးဆေးရုံတစ်ခုဖြစ်သော မာန် ဆေးရုံ၏ခွဲစိတ်ခန်းတခုရှေ့တွင်ဘုရားစာရွတ်ဖတ်နေသောအသက်ကြီးကြီးလင်မယားနှစ်ယောက်နှင့်အထုပ်တွေသယ်ကာတခုခုကိုမျှော်စောင့်နေသောအသက်ငယ်ငယ်ကောင်မလေးနှစ်ယောက်နှင့်ထိုင်မလိုထမလိုဖြစ်နေ၍လက်နှစ်ဖက်ကိုမီးပွင့်မတက်ပွတ်ကာပါးစပ်ကဘုရားစာရွတ်နေသောအသားခပ်ညိုညိုအရပ်ရှည်ရှည်နှင့်မည်သူမဆိုမြင်မိသည်နှင့်နှစ်ခါပြန်လှည့်ကြည့်ရလောက်သည့်ရုပ်ရည်မျိုးပိုင်ဆိုင်ထားသောအမျိုးသားတစ်ဉီးသည်ခွဲစိတ်ခန်းကိုကြည့်၍ရင်ထဲ၌ပူလောင်နေတော့သည်။
ထိုအချိန်ခွဲစိတ်ခန်းတံခါးပွင့်လာ၍သူနာပြုဆရာမလေးတယောက်ထွက်လာသည် ။
ဆရာမလေးကိုမြင်သည်နှင့်လင်မယားနှစ်ယောက်ထဲမှအမျိုးသမီးသည်ဉီးစွာထကာ
" ငါချွေးမလေးမွေးပြီလား ဘာလေးမွေးလဲ ငါမြေးလေးတွေရောကျန်းမာရဲ့လား"
ဟူ၍ဆရာမလေးတောင်ဘာအရင်ပြောရမှန်းမသိအောင်ကိုခေါင်းရှုပ်သွားတော့သည်အထိမေးခွန်းတွေဆက်တိုက်မေးနေတော့သည်။
ထိုအချိန် အသားညိုညိုအမျိုးသားမှဆရာမလေးနှင့်အမျိုးသမီးကြီးနားရောက်လာကာ
"အမေရယ်ခဏနေပါအုံး မေအကြောင်းအရင်မေးပါအုံး"
ထိုအမျိုးသားသည်ဆရာမလေးကိုကြည့်၍"မေရောဘယ်လိုနေလဲအဆင်ပြေလား"
" ဟုတ်ကဲ့ဆေးရုံအုပ်ကတော်လည်းအဆင်ပြေပါတယ်ကလေးတွေလည်းကျန်းမာပါတယ်ရှင့်"
" အော်ဒါနဲ့ဂုဏ်ယူပါတယ်ဆေးရုံအုပ် ဆေးရုံအုပ်ကတော်ကအမွှာလေးမွေးပါတယ်ရှင့်ယောက်ျားလေးတယောက်မိန်းကလေးတယောက်ပါရှင့် "
ထိုအချိန်အမျိုးသမီးကြီးမှ
"အေ..ကိုထိုက်မာန်ရှင်ကြားလားကျုပ်တို့မြေးအမွှာလေးတွေရပြီရှင့်"
ထိုအခါအသက်ကြီးကြီးအဖိုးအိုက သူသားဖြစ်သောဧကရာဇ်ဉီးမာန်ဘက်လှည့်ကာအပြုံးတခုပြုံးပြရှာသည်။
ထိုအပြုံးရဲ့အဓိပ္ပါယ်ကိုတော့ကာယံကံရှင်နှစ်ဉီးမှလွဲ၍မည်သူမှသိမယ်မထင်.......
YOU ARE READING
ခြွေယူသူ (complete)
Fantasyboy×boy girl×girl ukeလေးကနည်းနည်းweakဖြစ်မှာပါရှင့် အခုမှစရေးတဲ့ficလေးမို့ဖတ်ပေးကြပါအုံးရှင့်