Unicode
ဟယ်လို..
မေမေ..
ခြွေပါ..
...
မေမေ နေရောကောင်းရဲ့လား..
....ခြွေတို့ နောက်တပတ် လောက်နေရင်ပြန်လာခဲ့တော့မယ်နော်..
....မေမေလည်း ခြံထဲဆင်းပြီး ပန်းတွေတစ်ယောက်ထဲခူးမနေနဲ့အုံးနော်..
.....အင်းပါ..
ခြွေကိုစိတ်မပူပါနဲ့ ခြွေကဒီမှာအဆင်ပြေတယ်
မေမေသာ ခြွေမရှိတုန်း ခြံထဲဆင်းပြီး အလုပ်တွေလုပ်မနေနဲ့ အုံးနော်
အော်ထမင်းလည်း သေချာစားအုံးနော်မေမေ
မေမေလေးတောင် မေမေ့ကို ညနေလောက်မှဖုန်းခေါ်မယ်လို့ခြွေကိုပြောနေသေးတယ်
....
အင်းပါ..မေမေလေးလည်းနေကောင်းတယ်..
.....
ကဲပါ ခြွေတို့ကိုစိတ်မပူနဲ့ မေမေသာ ကိုယ့်ကိုယ် ကို ဂရုစိုက်နော်
...
အင်းအင်း မေမေဒါဆိုခြွေဖုန်းချလိုက်တော့မယ်နော်
ပြန်လာမဲ့ရက်ကျ ဖုန်းထပ်ဆက်လိုက်မယ်နော်မေမေ..
...နေကောင်းအောင်နေအုံးနော်မေမေ..
အဲ့ဒါဆို ခြွေဖုန်းချလိုက် ပြီနော်..
ဒူ..
ခြွေလည်း မေမေနဲ့ ဖုန်းပြောပြီး အိမ်ထဲဝင်မယ် အလှည့် ခြံထဲကပန်းပင်နားမှာထိုင်နေတဲ့ ဦးဧကရာဇ်ကိုတွေ့လိုက်တာနဲ့ အနားသွားလိုက်ပြီး
"ဦး..ပန်းပင်နားမှာထိုင်ပြီး ဘာလုပ်နေတာလဲ"
"အော် ခြွေပါလား ဒီအရှေ့နားမှာလာ ထိုင်လေသားလေး"
ခြွေလည်း ဦး ပြောတဲ့အတိုင်း အရှေ့နားကခုံလေးကိုဆွဲယူလိုက်ပြီး ဦးဘေးနားမှာဝင်ထိုင်လိုက်သည်။
"ဦး ကြည့်ရတာ စိတ်ညစ်နေတဲ့ပုံစံ လိုမျိုးပဲ ခြွေကူညီပေးနိုင်တာရှိရင်ကူညီပေးမယ်လေ"
ဧကရာဇ်လည်း သူရှေ့က ကလေးကိုတချက်ပြုံးပြလိုက်ပီး
"မဟုတ်ပါဘူးကွယ် ဒီအတိုင်းအိမ်ထဲမှာနေရတာမွန်းကြပ်လာလို့ ခြံထဲလာထိုင်နေတာကွဲ့"
![](https://img.wattpad.com/cover/353058032-288-k610433.jpg)
YOU ARE READING
ခြွေယူသူ (complete)
Fantasiaboy×boy girl×girl ukeလေးကနည်းနည်းweakဖြစ်မှာပါရှင့် အခုမှစရေးတဲ့ficလေးမို့ဖတ်ပေးကြပါအုံးရှင့်