Part(29)

3K 111 2
                                    

Unicode

မမထနှောင်း...

ထနှောင်းလည်း ဒေစီပန်းခင်းကြီးကိုကြည့်နေစဥ်
ကြားလိုက်တဲ့အသံကြောင့်အနောက်လှည့်​ကြည့်လိုက်မိသည်။

ထနှောင်း လည်း မမြင်ချင်တဲ့သူကိုမြင်လိုက်ရတာကြောင့် ထွက်သွားဖို့ပြင်​​နေတုန်း

မေရီလည်း သူရှေ့က ထွက်သွားတော့မယ့်သူရဲ့ လက်ကို အမြန်လှမ်းဆွဲလိုက်ပြီး

"ခဏ လေးပါ မမထနှောင်းရဲ့ မေရီ ပြောစရာလေးရှိလို့"

ထနှောင်းလည်း သူကိုဆွဲထားတဲ့လက်ကိုဖြုတ်ပစ်လိုက်ပြီး ဒေစီပန်းခင်းဘက်မျက်နှာမူလိုက်ကာ လက်ပိုက်ပြီးရပ်လိုက်သည်။

မေရီလည်း ထနှောင်းရဲ့အရှေ့ကို ရပ်လိုက်ပြီး

"မေရီ တောင်းပန်ပါတယ်"

"ဘာ အတွက်လဲ"

"မနေ့က မမထနှောင်းကိုပြောတာလွန်သွားတဲ့အတွက် မေရီတောင်းပန်ပါတယ်"

"ရပါတယ်"

မေရီလည်း ထနှောင်းရဲ့ လက်နှစ်ဖက်ကိုကိုင်လိုက်ပြီး ခန္ဓာကိုယ်ကိုလှုပ်ရမ်းကာ

"ဟင်းအင်းး မရပါဘူး မမထနှောင်း မေရီကို စိတ်ဆိုးနေတာမေရီ သိတယ် မမထနှောင်း မေရီကိုခွင့်မလွှတ်သေးဘူးမလား မေရီတောင်းပန်ပါတယ်နော်နော်..."

ထနှောင်းလည်းသူ့ရှေ့ က တီကောင်ဆားပတ်သလို လှုပ်ခါနေတဲ့သူကိုကြည့်ပြီး နှုတ်ခမ်းတွန့်ရုံ တချက်ပြုံးပြီးမျက်နှာပြန်တည်ထားလိုက်သည်။

"မမထနှောင်း မေရီကိုခွင့်လွှတ်ပေးပါနော် နော်လို့ မမထနှောင်းက မေရီကိုစကားမပြောရင် မေရီရဲ့ဒီထဲကလေ အရမ်းနာလာသလိုပဲ"

မေရီလည်း သူရင်ဘက်ကိုလက်လေး နဲ့ထိုးကာ နှုတ်ခမ်းလေးစူပြီးပြောလိုက်သည်။

"မသိဘူးနော် မေရီရင်ဘက်အောင့်လို့သေရင် တရားခံက မမထနှောင်းပဲနော်"

ထနှောင်းလည်း မျက်ခုံးတချက်ပင့်လိုက်ပြီး

"မင်းဘာသာ သေတာ ဘယ်လိုလုပ် တရားခံက ဒို့ဖြစ်သွားရတာလဲမေရီထိုက်မာန်ရဲ့"

ခြွေယူသူ (complete)Where stories live. Discover now