Part(6)

4K 172 0
                                    

  Unicode

  ရန်ကုန်မြို့အ​​ပြင်ဘက် ရှိနာမည်ကြီးclub တခုဖြစ်သော Royal clubတွင် လူချမ်းသာသူဌေးသားသမီးများနှင့်စည်ကားနေသည်။

Royal club ပိုင်ရှင်သည်မြေအောက်ဂိုဏ်းခေါင်းဆောင်တယောက်ဖြစ်သောကြောင့် ထိုclub၏အရှိန်အဝါသည်အလွန်ကြီးမားသည်။

မူးယစ်ဆေးများကိုလည်းကြိုက်ကြေးပေး၍ဝယ်ယူနိုင်သည်။

Club ၏အတွင်းပိုင်းရှိVVIPအခန်းတခုတွင် ရှပ်အင်္ကျီအနက်ရောင်လက်ရှည်ကိုရင်ဘက်တွင်ကြယ်သီးသုံးလုံးဖြုတ်ကာဆိုဖာ ပေါ်တွင်စိတ်ပျက်စွာမှီထိုင်နေသောအမျိုးသားတယောက်ရှိသည်။

တဖက်တွင်တော့ထိုအမျိုးသား၏သူငယ်ချင်းဖြစ်သူဟုထင်ရသောကောင်လေးတယောက်သည်မိန်းမပျိုလေးတယောက်ကိုပေါင်ပေါ်တင်၍တဖက်တွင်လည်းအခြားမိန်းမပျိုလေးတဉီးကိုရင်ခွင်ထဲထည့်ကာမြှူနေသည်။

"ဟာကွာ.....ကျစ်"

ဒုန်းးးးး

ဆို၍အခန်းတွင်းမှစားပွဲကိုခြေထောက်နှင့်ကန်သောအသံသည်ကျယ်လောင်စွာထွက်ပေါ်လာသည်။

ထိုအချိန်အခန်းတွင်းမှလူများသည်လန့်သွား၍

"ဟဲ့ဟျောင့်ခိုက်ခိုက်ဘာ ဘာတွေစိတ်တိုနေပြန်ပြီလဲ"

ဟုတဖက်မှလန့်သွားသောကောင်လေးတယောက်ကမျက်ခုံးတဖက်ပင့်ကာမေးလိုက်သည်။

"ဟဲ့ဟျောင့် သတ္တိ ဘောမို့လို့ငါကို ခိုက်ခိုက် လို့လာခေါ်နေတာလား"

"ဟ..ခိုက်ခိုက်က မင်းနာမည်မို့ ခိုက်ခိုက်လို့ခေါ်တာလေ ဘာဖြစ်လဲ"

"ဘောကိုခိုက်ခိုက် ငါ့နာမည့်အပြည့်အစုံက ခိုက်ဉီးထိုက်မာန် ငါကိုနာမည်အပြည့်အစုံခေါ်ကြားလား"

"နောက်တခါ မင်းပါးစပ်က အဲ့နာမည်ခေါ်လို့ကတော့ မင်းရှိသမျှသွားတွေ အကုန်ကျွတ်ထွက်ပြီသာမှတ်"

ထိုအခါမှတဖက်ကအပြောခံရသူ အမျိုးသားသည် မျက်နှာရှု့မဲ့ကာ

"အေးပါကွာ..... "

"အော်ဒါနဲ့ပြောပါအုံး ကိုခိုက်ဉီးထိုက်မာန်ရဲ့ဘာတွေစိတ်ညစ်နေတာလဲ"

ခြွေယူသူ (complete)Where stories live. Discover now