Unicode
ခြွေ အိပ်ပျော်နေရင်း အသက်ရှူကြပ် နေသလို ခံစားလိုက်ရတာကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ ဘာမှမမြင်ရပဲ မှောင်မည်းနေပြီး..
ရုတ်တရက်သူ့ခါးကိုတယောက်ယောက်က ဆွဲဖက်လိုက်သလိုခံစားလိုက်ရတာကြောင့် အနောက်လှည့်ကြည့်မိလိုက်တော့ မြင်လိုက်ရတဲ့သူကြောင့်လန့်ကာ အော်မိလိုက်သည်။
အားးးးးးအားးးးးး
"angry bird... angry bird..."
ခိုက်ဦးလည်းအိပ်နေရင်း ကြားလိုက်ရတဲ့အော်သံကြောင့် မျက်စိဖွင့်လိုက်တော့ တွေ့ပါပြီ လူကိုလက်ညိုးထိုးပြီး ဇီးကွက်လိုမျက်လုံးပြူးပကာဘာတွေအော်နေမှန်းမသိအော်နေတဲ့ ဇီးကွက်ဖြူတစ်ကောင်။
ခိုက်ဦးလည်း အရှေ့ကနေအော်လိုမပြီးတဲ့လူကို စိတ်မရှည်တော့တာနဲ့ ဇီးကွက်ဖြူရဲ့ကိုယ်လုံးကိုသူ့ဘက်ဆွဲလိုက်ပြီး ပါးစပ်ကိုလက်နဲ့ဆွဲပိတ်ပေးလိုက်တော့တယ် ။
ဒါတောင် ဒင်းကဇွဲမလျော့ပဲ ဘာတွေအော်နေမှန်းမသိ အော်နေသေးတယ် ။
ကျွီ...
ထိုအချိန် အခန်းတံခါးပွင့်လာပြီး အခန်းထဲသို့လူတယောက်ဝင်လာခဲ့တယ်။
ခိုက်ဦးလည်း အခန်းတံခါးဖွင့်ပြီး ဝင်လာတဲ့သူကိုမြင်ပြီး အံ့သြသွားတော့တယ်။
ခြွေလည်းအခန်းထဲ လူဝင်လာတာတွေ့လိုက်တော့ ဆက်မအော်တော့ပဲ မျက်လုံးဝိုင်းလေးများဖြင့် ကြည့်နေလိုက်သည်။
မေရီထိုက်မာန် လည်း အခန်းထဲက တွေ့လိုက်ရတယ့်မြင်ကွင်းကြောင့်
"ဟယ်..ယောက်ျားက ဘာလို့ ခိုက်ခိုက်ရဲ့ပေါင်ပေါ်မှာတက်ထိုင်နေရတာလဲ.."
"ခိုက်ခိုက် နင်ကရောဘာလို့ ယောက်ျားရဲ့ ပါးစပ်ကို နင့်လက်နဲ့ပိတ်ထားတာလဲ.."
မေရီလည်း သူရှေ့က လူနှစ်ယောက်ကို ပြောပြီးနောက် ခေါင်းထဲအတွေးတခုဝင်လာပြီး
မျက်နှာတခုလုံး နီရဲပြီး ဒေါသလည်းထွက် ဝမ်းနည်းတာပါပေါင်းပြီး ထိုင်ငိုလိုက်တော့တယ်။

YOU ARE READING
ခြွေယူသူ (complete)
Fantasiaboy×boy girl×girl ukeလေးကနည်းနည်းweakဖြစ်မှာပါရှင့် အခုမှစရေးတဲ့ficလေးမို့ဖတ်ပေးကြပါအုံးရှင့်