Unicode
At (8:00) am
မာန်အိမ်တော်၏ ထမင်းစားခန်းထဲတွင် တယောက်သောသူမှ လွဲ ၍ အိမ်ရှိလူအားလုံးသည် မနက်စာ စားသောက်နေကြသည်။
ဉီးထိုက်မာန်ကတော့ စားပွဲရဲ့ ထိပ်ဆုံးမှာထိုင်ကာ
ကော်ဖီသောက်၍ သတင်းစာဖတ်နေသည်။ဒေါ်မဒီမျိုးနွယ် သည် သူမအရှေ့က မနက်စာ စားနေတဲ့သူများကို တချက်အကဲခတ်ကာကြည့်နေသည်။
အားလုံးကတိတ်ဆိတ်နေပြီး အစားထဲမှာ စိတ်မရောက်ပဲ ဘယ်ကိုစိတ်ရောက်နေကြလဲမသိ အစားအသောက်တွေကို လည်းဟိုတို့ထိ ဒီတို့ထိနဲ့ ဘာတွေဖြစ်နေကြမှန်းမသိဘူး
နောက်ဆုံးတော့ သူမလည်း သည်းမခံနိုင်တော့ပဲ
"ဟဲ့ ..နင်တို့အကုန်လုံး ဘာဖြစ်နေကြတာလဲ အစားလည်းသေချာမစားပဲ စိတ်တွေကဘယ်ရောက်နေကြတာလဲ"
"ပြီးတော့ ဟိုကလေး ဘာလို့ ကော်ဖီပဲသောက်နေတာလဲ မုန့်လေးဘာလေးလည်းစားအုံးလေ မင်းကြည့်ရတာလဲ ဖြူဖပ်ဖြူရော်နဲ့ အားရှိအောင်လည်းစားအုံး တော်ကြာမင်းမေမေလေးက ငါတို့ကို အပစ်တင်နေအုံးမယ်"
ထိုအခါ ထမင်းစားခန်းကလူတွေလည်း ခေါင်းငြိမ့်ပြီး မနက်စာကိုသေချာစားလိုက်တော့သည်။
တော်ဝင်မေကတော့ညက ဖြစ်ပျက်တဲ့ဟာတွေကိုမေမေတို့မသိသွားတာကို သဘောပေါက်ပြီးအသက်ရှူချောင်သွားတော့တယ်
ခြွေကတော့ မေမေလေးရဲ့အမေက သူကိုလှမ်းပြောလိုက်တာနဲ့ လန့်ပြီး အရှေ့မှာ ရှိတဲ့မုန့်ကိုအမြန်ယူပြီး ပါးစပ်ထဲကောက်ထည့်ပြီး ပါးနှစ်ဖက်ဖောင်းတင်းကာ ဖြေးဖြေးချင်း ဝါးစားနေတော့သည်။
မေတ္တာကတော့ အမေဖြစ်သူရဲ့အပြောကိုပြုံးကာခေါင်းခါလိုက်ပြီး ကော်ဖီခွက်ကိုယူသောက်လိုက်တော့သည်။
ထိုအချိန် ထမင်းစားပွဲအခန်းထဲသို့ ခေါင်းမှာ ပတ်တီးစီးထားသော အမျိုးသားတစ်ယောက်ဝင်လာခဲ့သည်။
ဒေါ်မဒီမျိုးနွယ် လည်းဝင်လာသောသူကိုမြင်ပြီးထိုင်ခုံမှအမြန်ထကာ
"ဟယ်.. မြေးလေး ခေါင်းမှာလည်း ပတ်တီးကြီးနဲ့ ဘယ်လိုဖြစ်တာလဲ မင်းအဖိုးဒေါသထွက်ပြီး ရိုက်ထားလားအဖွားကိုပြောစမ်းး"
![](https://img.wattpad.com/cover/353058032-288-k610433.jpg)
YOU ARE READING
ခြွေယူသူ (complete)
Fantasíaboy×boy girl×girl ukeလေးကနည်းနည်းweakဖြစ်မှာပါရှင့် အခုမှစရေးတဲ့ficလေးမို့ဖတ်ပေးကြပါအုံးရှင့်