Unicode
ကဲ..ရွာ ရောက်ပြီ နောက်ကကလေးတွေ အိပ်နေရာက ထလို့ရပြီနော်
မေတ္တာလည်း ကားအနောက်ခန်းမှာ အိပ်ပျော်နေကြတယ့်ကလေးတွေ ကိုနှိုးလိုက်သည်။
အင်းးးးးး
မေရီလည်း အပျင်းကြောဆွဲရင်းဘေးကိုကြည့်လိုက်တော့ သူကို စိုက်ကြည့်နေတဲ့သူကြောင့် လန့်သွားခဲ့တယ်။
အမလေး..
"မထနှောင်း ဘာလို့မေရီကို သတ်တော့မလိုလာကြည့်နေတာလဲ"
"အေး ဒို့ကမင်းကို သတ်တော့မလိုမဟုတ်ဘူး သတ်ကိုသတ်ချင်နေတာ"
"ဒီမှာ မထနှောင်းမေ မေရီကရှင့်ကိုဘာလုပ်လို့လဲ"
"ဒီမှာမြင်လား ဘာလုပ်ထားလဲ ဆိုတာ"
ထနှောင်းမေလည်း သူ့အင်္ကျီကရင်ဘက်ပေါ်နားလေးမှာပေနေတဲ့ အရာကို လက်ညိုးထိုးပြလိုက်တယ်။
မေရီလည်း အရှေ့က လူပြတဲ့နေရာကိုကြည့်ပေမဲ့ဘာမှန်းမသိတာကြောင့်
"မထနှောင်းမေ ရှင်မေရီကိုဘာပြနေတာလဲ ဘာမှလဲမရှိပဲနဲ့"
ထနှောင်းလည်း ဒေါသထွက်ထွက်နဲ့
"မေရီထိုက်မာန် မင်းမျက်လုံးကိုပြူးပြီးသေချာကြည့် ငါ့အင်္ကျီမှာ မင်းရဲ့ အာပုပ်ရည်ကွက်တွေတွေ့လား ငါ့အင်္ကျီအကုန်ညစ်ပတ်ကုန်ပြီ ရွံဖို့ကောင်းလိုက်တာ"
မေရီလည်း နှာခေါင်းတချက်ရှုံ့လိုက်ရင်း
"ဒီမှာ မထနှောင်းမေ အဲ့တာမေရီရဲ့ သွားရည်ပါလို့သက်သေရှိလို့လားပြောလေ ဟွန့် လူကိုများရာရာစစ စွတ်စွဲနေတယ် အံ့သြပအေ"
ထနှောင်းလည်း သူရှေ့မျက်နှာပြောင်တိုက်ပြီးပြောနေတဲ့သူကို အံသြသလိုကြည့်လိုက်ပြီး
"မေရီထိုက်မာန် ဒို့ဘေးမှာ တစ်လမ်းလုံးမင်းပဲ ထိုင်ပြီး ကုလားသေကုလားမော အိပ်နေတာ မင်းမဟုတ်လို့ ဘယ်မျောက်မလုပ်ရမှာလဲ"
"ရှင်."
"ကဲ မေရီသမီးတော်လိုက်တော့ ရွာရောက်ပါပြီဆိုမဆင်းပဲကားပေါ်မှာရန်ဖြစ်နေတယ် သမီးထနှောင်းမေကိုလည်း မေရီအစားတီလေးကပဲတောင်းပန်ပါတယ်ကွယ်"
YOU ARE READING
ခြွေယူသူ (complete)
Fantasyboy×boy girl×girl ukeလေးကနည်းနည်းweakဖြစ်မှာပါရှင့် အခုမှစရေးတဲ့ficလေးမို့ဖတ်ပေးကြပါအုံးရှင့်