Part(3)

5.4K 213 0
                                    

Unicode

"ကြီးတော်စိန်ရေ ကြီးတော်စိန် "

"ဟဲ့ငါအိမ်ရှေ့မှာအော်ကြီးဟစ်ကျယ်နဲ့ဘာလာဖြစ်နေတာလဲဘတုတ်ရဲ့ နင့်အမေသေလို့ငါအိမ်ရှေ့လာအော်နေတာလား"

"  မဟုတ်ပါဘူးကြီးတော်ကလည်းဒီမှာရွာကဆေးပေးခန်းကဆရာမလေးကကြီးတော်တို့အိမ်ကိုလိုက်ပြခိုင်းလို့ကျုပ်ခေါ်လာပြတာဗျ "

"အေးဘယ်လို ဆရာမလေးကကျုပ်တို့အိမ်ကိုဘာလာလုပ်တာတုန်းထူထူဆန်းဆန်း ပါလား "

ထိုအချိန်အိပ်ခန်းထဲမှအမျိုးသမီးငယ်ထွက်လာ၍

"အမေရေအိမ်ရှေ့မှာတွေပြောနေတာတုန်းဆူညံနေတာပဲ သားလေးတောင်လန့်ပြီးနိုးသွားပြီ "

"အယ်ဆရာမလေးပါလား ဝတီဆီလာတာလားအိမ်ပေါ်တက်ပါအုံးဆရာမလေးရဲ့အမေကလည်းဧည့်သည်ကိုအိမ်ပေါ်မခေါ်ဘဲဘယ်နှယ်အိမ်ရှေ့ပေါက်ဝမှာစကားပြောနေတာတုန်း"

" ဆရာမလေးလာဧည့်ခန်းမှာခဏထိုင်ပါအုံးနော် ဝတီအကြမ်းရည်လေးသွားထည့်လိုက်အုံးမယ်"

" အော်ရပါတယ်ညီမရဲ့အမက ကလေးသက်သာလာမေးတာပါ "

"သက်သာသွားပါပြီဆရာမလေးရဲ့အခုလေးတင်ဝတီသားလေးကိုဆေးတောင်ထပ်တိုက်ထားသေးတယ် သက်သာသွားပြီဆိုပေမဲ့ဆေးပတ်လည်အောင်တော့တိုက်သင့်တယ်ဆိုတော့လေ"

" အော်ဝတီကဗဟုသုတရှိတာပဲအမဆေးကုပေးတဲ့လူနာတွေဆို ဘယ်သူမှဆေးပတ်လည်အောင်မသောက်ကြဘူး သက်သာသွားပြီဆိုရင်ဆေးကိုလှည့်တောင်မကြည့်ကြဘူး"

" ဒါနဲ့ငါညီမအသက်ကောဘယ်နှနှစ်ရှိပြီလဲ"

" ဝတီအသက်က၂၀ ပါဆရာမလေးရဲ့"

" အော်အမထက်၅နှစ်ငယ်တာပဲ ဟုတ်ကဲ့ဆရာမလေး"

"အော်ဆရာမလေးကိုအမေနဲ့မိတ်ဆက်ပေးရအုံးမယ် ဒါကတော့ဝတီအမေဒေါ်စိန်စိန်တဲ့ "

"အမေဒါကသမီးတို့ရွာကိုပြောင်းလာတဲ့ဆေးပေးခန်းကဆရာမလေးလေ အော်အေးအေး "

အူဝဲ..... အူဝဲ......အူဝဲ........

"ဟယ်ဝတီမေ့ပြီးသားလေးကိုအခန်းထဲတယောက်ထဲထားမိတာ ဆရာမခဏလေးနော်ဝတီသားလေးကိုသွားခေါ်လိုက်အုံးမယ်"

ခြွေယူသူ (complete)Where stories live. Discover now