Unicode
"မောင်..ထတော့လေကွာ... ဒီနေ့ ခြွေတို့ဘုရားသွားမယ်ပြောထားတယ်လေ..ကလေးတွေတောင် ပြင်ဆင်ပြီးပြီး မောင်ကအခုထိမထသေးဘူးလား..ထတော့..အခုချက်ချင်းနော်..."
ခိုက်ဦးလည်း ဂွမ်းစောင်ကို ခေါင်းထိဆွဲခြုံလိုက်ပြီး တဖက်လှည့်ကာ အိပ်နေလိုက်သည်။
ခြွေလည်း ကိုယ်ပြောနေတာကို ဂရုမစိုက်ပဲ ဆက်အိပ်နေတဲ့သူကြောင့် စိတ်တိုလာပြီး...
"ရားးးးခိုက်ဦးထိုက်မာန်..မင်းအခုချက်ချင်းထမလားမထဘူးလား...ငါ စိတ်တိုလာပြီနော်...လပြည့်နေ့ဘုရားသွားပါမယ်ဆိုမှ..နောက်ကျတော့မယ်..မင်းမလိုက်ရင်ငါ မေရီတို့နဲ့ပဲသွားလိုက်တော့မယ်..အဲ့မှာမနိုးထတော့ပဲအိပ်လိုက်တော့..."
တကယ်ပဲ..စိတ်တိုဖို့ကောင်းလိုက်တာ..ဟွန့်...
ခြွေလည်း နှာတချက်မှုတ်လိုက်ပြီး အပြင်ထွက်ဖို့ပြင်စဥ် စောင်ထဲကလူကထလာကာ လက်ကို ဆွဲချလိုက်တာကြောင့် တစ်ဖက်သူရဲ့ကိုယ်ပေါ်ကို အရှိန်မထိန်းနိုင်ပဲ ပြုတ်ကျသွားသည်။
ခိုက်ဦးလည်း..ကိုယ်ပေါ်ကလူသားလေးရဲ့ခါးကိုဖက်လိုက်ပြီး အိပ်ယာပေါ်ပြန်လှဲချလိုက်သည်။
ဒီလိုနဲ့ အနက်ရောင် မွေ့ယာပေါ်မှာ ေဘးတစောင်းအနေအထားဖြင့်လူသားနှစ်ယောက်က ပူးကပ်စွာ တည်ရှိနေသည်။
ခြွေလည်း ခါးပေါ်က လက်ကို အတင်းဖယ်ပေမယ့်မရတာကြောင့်...
"ရားးးးခိုက်ဦးထိုက်မာန်..မင်းလက်ကို..ဖယ်ပေးနော်...ဖယ်ပေးအခုချက်ချင်းး..."
ခြွေပြောလိုက်ကာမှ တဖက်သူကပိုးတိုးပြီးတောင်ဖက်နေတာကြောင့် ခြွေမှာအသက်ရှူတောင်ကြပ်ချင်လာသလိုဖြစ်နေပြီ...
"ခိုက်ဦးထိုက်မာန်..ဖယ်လို့..ငါအသက်ရှူကြပ်နေပြီ..."
"ပြန်ပြင်ပြော..."
"ဘာ..ဘာကိုပြန်ပြင်ပြောရမှာလဲ.."
ခိုက်ဦးလည်း သူရှေ့ကစွာတေးလန် ကို မျက်နှာချင်းဆိုင်ဖြစ်အောင်လှည့်လိုက်ပြီး မျက်လုံးချင်ဆုံကာ...
"မောင်လို့ ပြောရင် ဖယ်ပေးမယ်.."
ခိုက်ဦးထိုက်မာန်....
YOU ARE READING
ခြွေယူသူ (complete)
Fantasyboy×boy girl×girl ukeလေးကနည်းနည်းweakဖြစ်မှာပါရှင့် အခုမှစရေးတဲ့ficလေးမို့ဖတ်ပေးကြပါအုံးရှင့်