Part(32)

2.7K 101 0
                                    

Unicode

"ခြွေသားလေး..."

"ဟင် မေမေ.."

ခြွေလည်း မေမေကိုပြေးဖက်လိုက်ပြီး မေမေရင်ခွင်ထဲ ခေါင်းတိုးဝင်ကာ တင်းထားသမျှ မျက်ရည်များကို လွှတ်ချပစ်လိုက်တော့သည်။

ဝတီလည်း သားဖြစ်သူရဲ့ခေါင်းလေးကို လက်လေးဖြင့် အသာပုတ်ပေးပြီး

"သား ရိုးရာဆိုတာက ဒီအတိုင်းတချို့လူတွေရဲ့ ယုံကြည့်မှုကြောင့်ပြုလုပ်ကြတဲ့အရာပါ အရမ်းကြီးစိတ်ထဲမထည့်ထားပါနဲ့"

"ဒါ ဒါပေမဲ့ မေမေ.."

"သား မေမေကိုအမှန်တိုင်းပြော သားမောင်ခိုက်ဦးကိုတကယ်ချစ်တယ်မလား"

ခြွေ လည်းမေမေကိုကြည့်လိုက်ပြီး

"ခြွေ အသက်ထက်ကိုပိုပြီးချစ်ခဲ့တယ် မေမေ ခြွေဘဝမှာ မေမေပြီးရင် သံယောဇဥ်အတွယ်တာဆုံးနဲ့ ချစ်ရတဲ့သူဆိုလို့ မောင်ပဲရှိခဲ့တယ် ဘဝမှာတစ်ခါမှမဖြစ်ဘူးတဲ့ ခံစားချက်တွေကလည်း မောင်နဲ့တွေ့ဆုံမှဖြစ်ပေါ်ခဲ့တယ် ခြွေ  ခြွေ မောင်နဲ့သာခွဲရင် ခြွေသေလိမ့်မယ်ထင်တယ် မေမေ"

ဝတီလည်းသားဖြစ်သူကိုကြည့်ပြီး မျက်ရည်များကျလာမိတယ်။သူမဘဝမှာ သားသာလျှင်သူမရဲ့အချစ်ဆုံးနဲ့မှီတွယ်ရာ ဖြစ်ခဲ့တယ်။ပထမတော့ သားလေးတို့ချစ်သူ နှစ်ယောက်ကိုခွဲမယ်လို့စီစဥ်ပေမဲ့ သားဖြစ်သူရဲ့မျက်နှာကိုမြင်ပြီး သူမသားလေးထိုကောင်လေးအပေါ် ဘယ်လောက်ထိမေတ္တာရှိနေပြီလဲဆိုတာ မအေဖြစ်တဲ့သူမ ရိပ်မိနေပြီမို့ သားကိုသူပျော်အောင် ချစ်တဲ့သူနဲ့ ပဲပေါင်းခွင့်ပေးလိုက်တယ်။ ဒါပေမဲ့ ကံကြမ္မာက သူမတို့သားအမိအပေါ် အခုထက်ထိ မျက်နှာသာမပေးသေးဘူးထင်ပါတယ်။

ဝတီလည်း ရင်ခွင်ထဲကငိုနေတဲ့သားရဲ့ မျက်နှာလေးကို လက်ဖြင့်ကိုင်ကာ မော့စေလိုက်ပြီး

"သားခြွေ ​အခုကနွေရာသီဖြစ်တော့ပန်းတွေကအညိုးလွယ်တယ် သားတို့သာ ဖူးစာမစစ်ရင် မောင်ခိုက်ဦးသားကိုစပေးကတည်းက ပန်းကညိုးသွားမှာပေါ့ အခုက သားလက်ထဲမှာတောင်မညိုးပဲ ဖူးစာရေးနတ်ကိုဆက်သမှညိုး တာဆိုတော့ ရာသီဥတုကြောင့်ပါသားရဲ့ ပွဲကျင်းပနေတဲ့နေရာကလည်း ညနေဆိုပေမဲ့ နေပူသေးတယ်လေ မေမေတို့ ခြံထဲကနှင်းဆီတွေတောင် ခူးပြီးတာနဲ့ နေရိပ်ထဲအမြန်သွင်းရတာပဲလေ အပြင်မှာထားလိုက်မိရင် ခဏလောက်နဲ့ခြောက်ပြီးညိုးသွားတာပဲ ဒါကြောင့် အဲ့ကိစ္စတွေခေါင်းထဲမထည့်နဲ့တော့ အဓိက က ကိုယ်ချစ်တဲ့သူနဲ့ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ပဲလေ ကျန်တဲ့အရာတွေမတွေးနဲ့တော့နော်"

ခြွေယူသူ (complete)Where stories live. Discover now