Unicode
ခိုက်ဦးလည်း ရုံးခန်းထဲမှာအလုပ်လုပ်နေတုန်း ဝင်လာတဲ့ အတွင်းရေးမှူးကြောင့် တစ်ချက်ကြည့်လိုက်တော့..
"ဘော့စ်..အပြင်မှာ...ဧည့်သည် တစ်ယောက်ရောက်နေပါတယ်.."
"ဘယ်သူလည်း.."
"ဟို...ဘော့စ်ရဲ့ သူငယ်ချင်းလို့တော့ပြောပါတယ်.."
"ကောင်းပြီ..ဝင်လာခိုင်းလိုက်.."
အတွင်းရေးမှူးထွက်သွားပြီး နှစ်မိနစ်လောက်.. နေတော့..အခန်းထဲကို..အမျိုးသားတစ်ယောက်ဝင်လာကာ...
"ဟဲ့ဟျောင်..ခွေးသားခိုက်ဦး..မင်းပြန်ရောက်တာတောင်ငါ့ကိုအကြောင်းမကြားဘူး..ဘာလဲမင်းကငါ့ကိုတစ်သက်လုံးအဆက်ဖြတ်ဖို့တွေးထားတာလား..."
ခိုက်ဦးလည်း သူငယ်ချင်ဖြစ်သူ သတ္တိကို..စားပွဲခုံပေါ်က..hand gel..ဗူးနဲ့ကောက်ပေါက်လိုက်ပြီး..
"ဘောကို..အဆက်ဖြတ်တာလား..ဟိုမှာနေတဲ့တစ်လျှောက်လုံးလည်း..မင်းနဲ့ပဲ ငါအဆက်အသွယ်ရှိနေတာလေ..."
"ဟီးးး..အဲ့တာတော့ဟုတ်ပေမယ့်.. မင်းပြန်လာတဲ့အကြောင်းတော့ငါကို ဖုန်းဆက်သင့်တယ်လေကွာ..အခုက..သူများတွေပြောမှငါက ကိုယ်သူငယ်ချင်းပြန်လာတဲ့အကြောင်းကိုသိရတာကြီးကတော့..သိပ်မမိုက်ဘူးလေကွာ..."
"ငါလည်း..ပြန်ရောက်တာ တစ်ပတ်မပြည့်သေးပါဘူး..မြန်မာနိုင်ငံက ကုမ္ပဏီ ကပြဿနာနည်းနည်းဖြစ်နေတယ်ဆိုလို့အမြန်ပြန်လာလိုက်တာ...ဒါနဲ့ ငါပြန်ရောက်နေတဲ့အကြောင်းမင်းကိုဘယ်သူပြောတာလဲ..."
"ဟ..မာန်လုပ်ငန်းစုရဲ့ ဥက္ကဋ္ဌ အသစ်ပြန်လာတဲ့အကြောင်းက လုပ်ငန်းရှင်တွေကြားမှာနာမည်ကြီးနေတော့..ငါ့နားထဲရောက်လာတာပေါ့.."
"ကျစ်..ငါတောင်အိမ်ကသူတွေကိုအသိမပေးပဲတောင်ပြန်လာတာ..ဘယ်ကနေဘယ်လိုသူတို့ကသိသွားကြတာလဲ..."
သတ္တိလည်း သူငယ်ချင်းဖြစ်သူရဲ့..ပုခုံးကိုပုတ်လိုက်ပြီး...
"အခုမင်းတို့.မာန်လုပ်ငန်းစုရဲ့ အရှိန်အဝါကအရမ်းမြင့်လာပြီလေ..ပြီးတော့မင်းတို့နဲ့ လက်တွဲလုပ်ချင်ကြတဲ့လုပ်ငန်းရှင်တွေကလည်းအများကြီးဆိုတော့သူတို့က..မင်းတို့နဲ့ပတ်သက်တဲ့သတင်းမှန်သမျှကိုလူလွှတ်ပြီးအကုန်စုံစမ်းခိုင်းထားတာ..အဲ့တော့မင်းပြန်လာတဲ့သတင်းကလည်း အကုန်သိကုန်တာပေါ့..."
YOU ARE READING
ခြွေယူသူ (complete)
خيال (فانتازيا)boy×boy girl×girl ukeလေးကနည်းနည်းweakဖြစ်မှာပါရှင့် အခုမှစရေးတဲ့ficလေးမို့ဖတ်ပေးကြပါအုံးရှင့်