Part(31)

2.8K 110 0
                                    

Unicode

ဒီနေ့ ခြွေနဲ့မောင်နဲ့ ကြာခူးပွဲကျင်းပမယ့်နေ့ ခြွေအရမ်းစိတ်လှုပ်ရှားတယ် ဒီရိုးရာက ဒီရွာကရွာသားတွေလုပ်တိုင်း ခြွေမြင်ဖူးနေကြပေမဲ့ အခုကျတော့ ကိုယ့်ရဲ့ပွဲဆိုတော့ အဆင်ပြေမှပြေပါ့မလားလို့ စိတ်ပူနေမိတယ်။စိတ်တွေလည်း အရမ်းလှုပ်ရှားလွန်းလို့ မနက်ကတည်းက အခုထိ ဘာမှတောင်မစားဖြစ်သေးဘူး။

ခိုက်ဦးလည်း နှင်းဆီခင်းအလယ်မှာထိုင်နေတဲ့ ချစ်ရသူနားသွားလိုက်ပြီး

"ခြွေ ဒီမှာဘာထိုင်လုပ်နေတာလဲ မောင်က ခြွေကိုမတွေ့လို့လိုက်ရှာနေတာ"

"ခြွေလည်းပြုံးကာ မတ်တပ်ရပ်လိုက်ပြီး ဘာမှမလုပ်ပါဘူး ဒီအတိုင်းပန်းတွေကိုလာထိုင်ကြည့်နေတာပါ"

ခြွေလည်း မောင်စိတ်ပူမှာစိုးလို့ စိတ်လှုပ်ရှားနေတဲ့အကြောင်းကိုတော့မပြောတော့ဘူး။

ခိုက်ဦးလည်း ချစ်ရသူရဲ့ခါးကိုဖက်လိုက်ပြီး

"မောင့်ရဲ့ခြွေလေးကမညာတက်ပဲ မောင့်ကိုညာနေပြန်ပြီ"

ဟင်..

ခိုက်ဦးလည်း ခြွေရဲ့နှာခေါင်းလုံးလုံးကို လက်ဖြင့်အသာလေးညှစ်လိုက်ပြီး

"ခြွေ ညနေပွဲအတွက်စိတ်လှုပ်ရှားနေတာမလား"

ခြွေလည်း မောင်ကို အံသြသလိုကြည့်လိုက်ပြီး

"ဟင် မောင်ကဘယ်လိုလုပ်သိတာလဲ"

"မောင်က ခြွေမျက်နှာကိုအရိပ်လို အမြဲကြည့်နေတဲ့သူပါ မောင့်အချစ်မျက်နှာညိုးတာနဲ့မောင်ကချက်ချင်းသိတယ် အခုလည်းမောင့်အချစ်မျက်နှာ ကိုကြည့်ပြီးဘာဖြစ်နေလဲဆိုတာ အချစ်မပြောလည်း မောင်သိပြီးသားပါ"

"မောင်ကလေ တကယ်ကို ပိုလွန်းတယ် "

"မပိုပါဘူး မောင်ကလိုတောင်လိုနေသေးတာ"

ခြွေလည်းမောင့်ကိုကြည့်လိုက်ပြီး

"ဘာလိုတာလဲ ပြော.."

"ဒီမှာလေ ဒါလိုတာ"

ခိုက်ဦးလည်း ခြွေနှုတ်ခမ်းကို မေးဆက်ပြလိုက်ပြီး

ခြွေယူသူ (complete)Where stories live. Discover now