part(46)final

6.7K 129 4
                                    

Unicode

"မမထနှောင်း...ရေ...."

ထနှောင်းလည်း..နိုရာလေးအတွက်အဝတ်အစားပြင်ပေးနေတုန်း..ကြားလိုက်ရတဲ့..အသံကြောင့်..သမီးလေးကို..အကူကောင်မလေးနဲ့ထားခဲ့ပြီး..ဟိုဘက်အခန်းကိုအမြန်သွားလိုက်တော့သည်။

"မေရီ..ဘာဖြစ်လို့အသံအကျယ်ကြီးနဲ့..အော်နေတာလဲ..ဒို့ဟိုမှာနိုရာလေးကိုပြင်ဆင်ပေးနေတဲ့ဟာကို.."

မေရီလည်းထနှောင်းမေရဲ့ ခါးကိုဖက်လိုက်ပြီး..

"ဟင်းးမမထနှောင်းကလည်း..မေရီကိုဆိုဆူဖို့ပဲ.."

"မေရီ..ဒို့မင်းကိုဆူနေတာမဟုတ်ဘူးလေ.."

"ဟင့်..မမထနှောင်းကမဆူဘူးသာပြောတာ..အသံကလည်းမေရီ့ကိုစိတ်မရှည်သလိုနဲ့..."

ထနှောင်းလည်း..ခါးပေါ်ကမေရီလက်ကိုဖယ်လိုက်ပြီး ခန္ဓာကိုယ်ကိုမေရီနဲ့မျက်နှာချင်းဆိုင်လှည့်လိုက်ကာ...

"မေရီ...ဒို့လေမင်းနဲ့ပတ်သက်ပြီး..စိတ်မရှည်ဘူးဆိုတာမရှိခဲ့ဘူး..မင်းနဲ့ပတ်သက်တဲ့အရာမှန်သမျှကိုဒို့အလေးနက်ထားတယ်..သူများတွေအတွက်အသေးအဖွဲ့ဆိုတဲ့ကိစ္စတွေတောင်..မင်းနဲ့ပတ်သက်လာတဲ့အရာတွေဆို.. အဲ့အသေးအဖွဲ့တွေကဒို့အတွက်တော့အလေးအနက်ပဲဆိုတာမင်းသိလား..."

"မမထနှောင်း..."
.................

ထနှောင်းလည်း..မေရီရဲ့မျက်နှာကိုလက်နှစ်ဖက်နဲ့စုကိုင်လိုက်ပြီး...

"မေရီ..ဒို့မင်းကိုအရမ်းချစ်တယ်သိလား.."

ပြွတ်စ်..

ထနှောင်းလည်းနမ်းလိုက်ပြီးတာနဲ့..အခန်းအပြင်ဘက်အမြန်ပြေးထွက်ဖို့ပြင်လိုက်ပေမယ့်..ခါးကိုလှမ်းဆွဲလိုက်တဲ့သူကြောင့်..အရှိန်မထိန်းနိုင်ဘဲ..တစ်ဖက်သူရဲ့ရင်ခွင်ထဲရောက်သွားကာ..

မေရီ...

"ဟင့်..အခုမှဘယ်ပြေးမလို့လဲ..လူကိုရင်ခုန်အောင်စကားလုံးလှလှလေးတွေနဲ့..ခြွေချသွားပြီးတော့.."

"မေရီ.. ဒို့ကိုလွှတ်ကွာ..မင်္ဂလာပွဲသွားဖို့နောက်ကျနေလိမ့်မယ်.."

"ဟင့်လွှတ်ပါဘူး..ဟိုကာယံကံရှင် သဲသဲကဲကဲအတွဲတောင်အခုထိသူတို့အခန်းထဲကထွက်မလာသေးတဲ့ဟာကိုနောက်မကျပါဘူး.."

ခြွေယူသူ (complete)Where stories live. Discover now