Unicode
အခုဆိုရင် ခြွေကိုယ်ဝန်လည်း ခြောက်လရှိနေပြီ အရာရာဟာလည်း အားလုံးပြောင်းလဲသွားခဲ့တယ်။ မေမေလေးကလည်း ခြွေစိတ်မပူအောင်ဆိုပြီး ရွာမှာမေမေနဲ့အတူ အပြီးသွားနေတော့တယ်။ အမထနှောင်းနဲ့ မေရီတို့လည်း အခုဆို ပျော်ရွှင်တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်နေရပြီ။ မောင့်သတင်းကိုတော့ ခြွေအမြဲတမ်းကြားပါတယ်။ မောင်က အခုဆိုရင်အရမ်းတော်တယ့်လုပ်ငန်းရှင်တစ်ယောက်ဖြစ်နေပြီတဲ့ ။ ခြွေတို့ဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေကိုတော့ မောင်ဘာတစ်ခုမှမသိသေးဘူး ခြွေကပဲ အားလုံးကို မောင့်ကိုမပြောပြဖို့တားထားတယ်။ မောင်သာသိရင်အရမ်းဝမ်းနည်းနေမှာ ခြွေသိတယ်။မောင့်ကိုဝမ်းမနည်းစေချင်ဘူး။ ဖေဖေနဲ့ တီမေတို့အားလုံးကလည်း ခြွေပြောတာကိုသဘောတူပေးကြတယ်။ ဒီအိမ်မှာရှိတဲ့သူတွေအားလုံးက ခြွေကိုရော ခြွေဗိုက်ထဲက ကလေးလေးကိုပါ ဂရုစိုက်ပေးကြတယ်။ တီမေဆို ခြွေကိုမျက်စိအောက်ကကို အပျောက်မခံဘူး။အခုတောင် တီမေက ဘုရားပန်းလဲ နေလို့ တီမေမသိအောင် တိတ်တိတ် လေးထွက်လာပြီး ခြံထဲခဏထိုင်နေတာ။ အားလုံးက ခြွေကိုဂရုစိုက်ပေမဲ့ ခြွေကိုယ်ဝန်လရင့်လာတာနဲ့ အမျှမောင့်ကိုအရမ်းသတိရလာတယ်။ မောင်ကတော့ခြွေကိုမုန်းနေမယ်ဆိုတာသိပါတယ်။ ဒါပေမဲ့လည်း ခြွေမောင့်မျက်နှာကိုတော့မြင်ချင်သေးတယ်။ မောင်က မကြည်ဖြူရင်တောင် အရှက်မရှိပဲ မောင့်ကိုကပ်တွယ်ချင်သေးတယ်။ မောင်ရော အခုချိန်ခြွေကိုသတိရနေမလားဟင်။ ခြွေကတော့မောင့်ကိုနေ့တိုင်းသတိရနေခဲ့တယ်။ မောင်က အရမ်းနေနိုင်တယ် ခြွေကိုမုန်းလို့မဆက်သွယ်ရင်တောင် ဖိုးဖိုးတို့မေရီတို့ကိုတော့ဆက်သွယ်သင့်ပါတယ်။ အခုက မောင်က ဒီကထွက်သွားကတည်းက အကုန်လုံးကို အဆက်အသွယ်ဖြတ်ခဲ့တာတဲ့ မောင့်သူငယ်ချင်းသတ္တိကို မေးတော့လည်း သူကိုလည်းမဆက်သွယ်ဘူးတဲ့။မေရီကတော့ မောင်ရှိတဲ့နေရာကိုလိုက်သွားမယ်လို့ပြောပါတယ် ခြွေကတားထားလို့သာ မောင်လည်း သူ့အကြောင်းအရင်းသူရှိမှာပေါ့လေ။ မောင့်သတင်းတွေကိုတော့ ဟိုကဖိုးဖိုးရဲ့ လူယုံတစ်ယောက်ကပြန်ပြောလို့သာကြားရတယ်။ ဖိုးဖိုးကတော့မောင်ကသူဖြစ်ချင်သလိုဖြစ်လာတဲ့အတွက်အရမ်းတွေဝမ်းသာနေတယ်။ခြွေအထင် ဖိုးဖိုးကမောင့်ကို သူ့မြေးအရင်းမဟုတ်တာတောင် ခြွေတို့မေရီတို့ထက်မောင့်ကို ပိုချစ်တယ်လို့ထင်တယ်။ ဟိုးအရင်ခြွေကိုပြောခဲ့တယ့်စကားတွေကလည်း မောင့်အတွက်ဆိုတာခြွေနားလည်ခဲ့တယ်။
![](https://img.wattpad.com/cover/353058032-288-k610433.jpg)
YOU ARE READING
ခြွေယူသူ (complete)
Fantasyboy×boy girl×girl ukeလေးကနည်းနည်းweakဖြစ်မှာပါရှင့် အခုမှစရေးတဲ့ficလေးမို့ဖတ်ပေးကြပါအုံးရှင့်