extra❤❤❤

4K 89 14
                                    

Unicode

မောင်!....

ခြွေ အချဥ်ပေါင်းစားချင်တာနဲ့ ဝါဝါတို့နဲ့အတူ လမ်းထိပ်ဘက်မှာသွားဝယ်ရင်း မောင့်ရဲ့ကားကိုမြင်မိလိုက်သလိုပဲလို့စိတ်ထဲ ထင်နေတာ အခုတော့ မောင်က အိမ်တောင်ရောက်နေပြီ...

ခြွေလည်း အချဥ်ပေါင်းအထုတ်တွေကိုင်ရင်းနဲ့ ဧည့်ခန်းထဲမှာ ထိုင်နေတဲ့မောင့်နားသွားကာ...

"မောင်..ဘာဖြစ်လို့လဲ နေမကောင်းဘူးလားဟင်"

"အင်း မောင်အခုရက်ပိုင်းနေရတာသိပ်အဆင်မပြေဘူး"

ခြွေလည်း စားပွဲပေါ်ပါလာတဲ့အထုတ်တွေတင်လိုက်ပြီး မောင့်နှဖူးပေါ်လက်တင်ကာ...

"ကိုယ်တော့မပူပါဘူး ခေါင်းရောမူးနေလား"

"အင်း မောင်ခေါင်းတော့နည်းနည်းမူးတယ်"

"ဒါဖြင့်ခြွေနှိပ်ပေးမယ် မောင်ခြွေပေါင်ပေါ်ခေါင်းအုံးလိုက်.."

ခိုက်ဦးလည်း ခြွေပါးလေးတစ်ဖက်ကိုဆွဲလိုက်ပြီး..

"ရပါတယ် မောင့်ဗိုက်ပူလေးရဲ့ အပြောနဲ့တင် ဒီကလူက သက်သာနေပါပြီ "

ခိုက်ဦးလည်း စားပွဲပေါ်ကို မေးဆက်ပြလိုက်ပြီး..

"ဒါက ဘာတွေလဲအချစ်.."

"ဟီးဟီး...အချဥ်ပေါင်းလေမောင်ရဲ့ ခြွေအရမ်းစားချင်လာလို့ လမ်းထိပ်က အခုလေးတင်သွားဝယ်လာတာ.."

"အချစ်ကမောင့်စကားဆို ဘယ်တော့မှနားမထောင်ဘူး။ မွေးမယ့်ရက်ကနီးနေပြီလေ ဘာလို့အဲ့ဒါတွေစားနေတာလဲ ဆရာဝန်ကလည်းရှောင်ဖို့ပြောထားတယ်လေ"

"မောင်ကလည်း ​ခြွေကနည်းနည်းလေးပဲစားမှာပါ.."

"အဲ့ဒါဆိုလည်း ဒီတစ်ထုတ်ပဲစား ကျန်တာလွှတ်ပစ်လိုက်တော့.."

"ဟာ မောင်ကလည်း ဒါကသရက်သီးလေ ဟိုအထုတ်ကနာနတ်သီး ဟိုဟာကဇီသီး ဟိုဟာကရှောက်သီး ဟိုဟာကဂွေးသီး ဟိုဟာကမက်မန်းသီး ဟိုဟာလိမ္မော်သီး တူမှမတူတာ ခြွေကအကုန်စားချင်တာ အကုန်လုံးကိုနည်းနည်းချင်းစားမယ်ပြောတာလေ "

"အဲ့ဒါဆိုလည်း တစ်ထုတ်ဆီကနေ တစ်ခုဆီယူပြီးကျန်တာအကုန်လွှတ်ပစ်လိုက်"

ခြွေယူသူ (complete)Where stories live. Discover now