Unicodeဦးထိုက်မာန်လည်း ခန္ဓာကိုယ်ကို မတ်မတ်ထိုင်လိုက်ပြီး
ကဲ...ပြောစရာရှိတာလည်း ပြောပြီးသွားပြီဆိုတော့ စေ့စပ်ပွဲကိစ္စ ပြီးမြောက်အောင်မြင်ပြီပဲဆိုရတော့မှာပေါ့
ဧည့်ခန်းထဲမှ သူတွေလည်း ခေါင်းညိမ့်ကာ လက်ခုပ် တီး ၍ထောက်ခံကြောင်း ပြောကြသည်။
စေ့စပ်ပွဲရဲ့ ကာယံကံရှင် နှစ်ယောက်ကတော့ အခုထိတယောက်မျက်နှာတယောက်မကြည့်ပဲ မျက်နှာသေဖြင့်သာ ထိုင်နေသည်။
မေတ္တာဦးမာန်လည်း အဖေဖြစ်သူဘက်လှည့်လိုက်ပြီး
"ဖေဖေ မေတ္တာနဲ့ ခြွေ ဒီညနေကားနဲ့ပဲရွာပြန်လိုက်တော့မယ်နော် တူလေးရဲ့စေ့စပ်ပွဲကိစ္စလည်း ပြီးသွားပြီဆိုတော့ သမီးတို့လည်း ပြန်လိုက်တော့မယ်"
ဦထိုက်မာန်က ခေါင်းသာတချက်ညိမ့်ပြလိုက်ပြီး
ဘာမှမပြောပဲ ထိုင်နေသည်။ဒေါ်မဒီမျိုးနွယ်ကတော့ သမီးဖြစ်သူကိုကြည့်ပြီး မျက်နှာမဲ့ရွဲ့လိုက်ကာ
"အေးပေါ့ လေ ညည်းက ဧည့်သည်ဆိုတော့လည်း အချိန်တန်အိမ်ပြန်ရမှာပေါ့လေ ငါတို့ကို တကူးတက ကြီးလာပြောနေစရာမလိုပါဘူး ညည်းဘာသာပြန်ချင်တဲ့နေပြန်ပါအေ"
"မေတ္တာလည်း မအေဖြစ်သူရဲ့ခနဲ့သလိုပြောနေတဲ့စကားကို ဘာမှပြန်မပြောပဲ ပြုံးပြီးသာတုန့်ပြန်လိုက်သည်"
ဧည့်ခန်းထဲက လူတွေလည်း အခြေအနေမကောင်းနေတာကြောင့် အပ်ကျသံတောင်မကြားပဲငြိမ်သက်စွာထိုင်နေသည်။
ထိုအချိန်အသံ တစ်သံက အေးစက်နေတဲ့ အခြေအနေကိုစတင် ဖြိုခွင်းလိုက်သည်။
"ကျွန်တော် တီလေးနေတဲ့ရွာကိုလိုက်လည်လိုက်အုံးမယ်"
ဟေ..
ဦးထိုက်မာန်လည်း အသံတချက်ပြုပြီးမြေးဖြစ်သူကိုကြည့်လိုက်သည်။
"ဟုတ်တယ်..အဖိုး ရန်ကုန်မှာနေရတာ ပျင်းဖို့ကောင်းလာပြီ ပြီးတော့တီလေးတို့ရွာကိုလည်းသွားလေ့လာချင်တယ် ကျွန်တော်ပြန်လာရင် မာန်စားသောက်ကုန်လုပ်ငန်းရဲ့ လစ်ဟင်းနေတဲ့ ဥက္ကဋ္ဌ ရာထူးကို လွှဲပြောင်းယူမယ်။"
YOU ARE READING
ခြွေယူသူ (complete)
Fantasyboy×boy girl×girl ukeလေးကနည်းနည်းweakဖြစ်မှာပါရှင့် အခုမှစရေးတဲ့ficလေးမို့ဖတ်ပေးကြပါအုံးရှင့်