Part(27)

3.2K 122 4
                                    

Unicode

ခြွေနဲ့မောင် ချစ်သူဖြစ်တာ ဒီနေ့နဲ့ဆိုနှစ်ပတ်ရှိသွားပြီ မေရီနဲ့ သတ္တိကလွဲ ပြီး ကျန်တဲ့သူတွေဘယ်သူ့မှ ခြွေတို့အကြောင်းမသိသေးဘူး မောင်ကတော့အကုန်လုံးကို ဖွင့်ပြောပြလိုက်ကြမယ်လို့ပြောပါတယ်။ ဒါပေမဲ့ ခြွေစိတ်ထဲ ကြောက်နေသလိုခံစားရတာကြောင့် မောင့် ကိုမပြောပါနဲ့လို့ တားထားရတယ်။ ဒါတောင် မောင်က ခြွေကိုမေးနေသေးတယ် ခြွေကသူ့ကိုအပျော်ကြံနေတာလားတဲ့ တကယ်ပါလေ မောင်ကအရမ်းကိုကလေးဆန်တာပဲ စတွေ့တုန်းကနဲ့များတခြားဆီ အခုလည်းကြည့်အုံးလေ မနက်က မေမေနဲ့ တီလေးဆီသွားတာ သူ့ကိုမပြောခဲ့လို ဆိုလို့ စိတ်ဆိုးပြီးထမင်းမစားပဲ ဆန္ဒပြနေတယ်လေ တကယ်ပါလေ ဒီလူဆိုးကောင်လေးက ကလေးတွေထက်ကိုဆိုးတယ်။

"မောင်.. ဗိုက်မဆာဘူးလားလို့"

....
"မောင် ခြွေမေးနေတယ်လေ ပြန်ဖြေအုံး"
.....

"မောင်လို့ မောင်ရေ.."

ခိုက်ဦးလည်း ဘေးနားကနေထိုင်ပြီး သူ့လက်မောင်းကိုမှီကာ လာချွဲနေတဲ့ သူကြောင့် စိတ်က ဆွဲညစ်ပစ်လိုက်ချင်လာပြီ ဒါပေမဲ့ ဘာဆက်လုပ်အုံးမလဲ သိချင်တာကြောင့် ဘာမှမပြောပဲ ဆက်ထိုင်နေသည်။

ခြွေလည်း ဘေးတစောင်းမြင်နေရတဲ့ပါးလေးနားကိုတိုးပြီး

မွ.မွ.မွ

"မောင်စိတ်ဆိုးပြေတော့နော်လို့ နော်.နော်"

ခြွေ လည်း ချော့နည်းမျိုးစုံနဲ့ချော့နေတာတောင် အခုထိ စကားမပြောပဲထိုင်နေသေးတယ့်သူကိုစိတ်တိုပြီး မတ်တပ်ရပ်လိုက်ကာ

"ရားး ခိုက်ဦးထိုက်မာန် မင်းစိတ်ဆိုးမပြေလဲ အဲ့မှာနေခဲ့တော့ ငါသွားတော့မယ် ငါဆီမလိုက်လာနဲ့ အဲ့မှာပဲ ဖင်ကို ကော်နဲ့ ကပ်ပြီးထိုင်နေလိုက် တသတ်လုံးမထလာနဲ့ ပြီးတော့မင်းပါးစပ်ကိုလည်းကော်နဲ့ပဲပိတ်ထား စကားပြောရဲပြောကြည့် တွေ့မယ် ဟွန့်"

ခြွေလည်း စိတ်အရမ်းတိုလာတာကြောင့် ဆက်မချော့တော့ပဲ အခန်းထဲဝင်သွားလိုက်သည်။

ခိုက်ဦးလည်း စိတ်ဆိုးနေတဲ့သူကို ပြန်စိတ်ဆိုးသွားတဲ့သူကြောင့် အမြန် ထကာလိုက်သွားလိုက်တော့သည်။

ခြွေယူသူ (complete)Where stories live. Discover now