Part(43)

3.6K 119 0
                                    

Unicode

သုံးနှစ်ခန့်ကြာပြီးနောက်..

coco ! kiwi! cherry!  berry!..

မာန်အိမ်တော်ရဲ့ ဧည့်ခန်းတွင်းမှာ...ကိတ်မုန့်တွေနဲ့ပေပွအောင် ကစားနေသော ကလေးလေး လေးယောက်သည် အော်သံကြောင့် အကုန်ငြိမ်သက်ကာ အသံကြားရာဘက်ကို ခေါင်းလေးလှည့်ကာကြည့်လိုက်သည်။

ခြွေလည်း ပထမကတော့စိတ်တိုပေမဲ့ သားနဲ့သမီးတို့ရဲ့ မျက်နှာကိုမြင်ပြီး အကျယ်ကြီးရယ်မိလိုက်သည်။

"ခွီ..ဟားးဟားး...ဟားးဟားး....."

"ဟဲ့သား..ဘာတွေရယ်နေတာလဲ.."

ခြွေလည်း တီမေကို ဧည့်ခန်းဘက်ကိုလက်ညိုးထိုးပြလိုက်တော့..

"ဟမ်..အမလေးးငါမြေးတွေကို......ဒေါ်မေရီထိုက်မာန်နဲ့ ခဏလေးပဲထားလိုက်တာ..ကိတ်မုန့်တွေတောင်ဖြစ်ကုန်တော့ပါလားအမလေး..ဘယ်မလဲမေရီထိုက်မာန်..."

"ခြွေလည်း မသိဘူးတီမေ ခြွေရောက်ကတည်းက သားနဲ့ သမီးတို့ကိုပဲတွေ့တယ်..."

"အမလေးးဒီကောင်မလေး ငါ့မြေးတွေကိုဘယ်သူမှမရှိပဲ ဒီအတိုင်းထားခဲ့တာလား..တွေ့မယ်တွေ့မယ်..ဟဲ့..မေရီထိုက်မာန်..နင်ဘယ်မှာလဲ..အခုချက်ချင်းလာစမ်းး..မေရီထိုက်မာန်..."

"မေမေဘာလို့ အော်နေတာလဲ..မေရီဒီမှာကလေးတွေအတွက်နို့သွားဖျော်နေတာ..."

"အော်ငါဘာလို့အော်နေလဲဆိုတာသိချင်ရင် ဟိုကိုသာကြည့်..."

မေရီလည်း မေမေပြောတဲ့ နေရာကိုကြည့်လိုက်ပြီး..လက်ကိုဗိုက်ဖြင့်ဖိကာ အူတက်အောင်ရယ်တော့သည်။

ဟားးဟားးဟားး.......

မရယ်လို့လည်းမရဘူးလေ မေရီရဲ့ တူနှစ်ယောက်နဲ့တူမနှစ်ယောက်ရဲ့ပုံစံကိုမြင်ပြီး ဘယ်သူမဆိုအူတက်အောင်ရယ်နေကြမှာ..အကြီးဆုံးတူလေး cocoကလည်း မျက်နှာတစ်ခုလုံး လည်ပင်းတွေရောလက်တွေပါမကျန်ကိတ်မုန့်ခရင်တွေကြီးပဲ..အလတ်နှစ်ကောင်ဖြစ်တဲ့ တူလေးkiwi နဲ့တူမလေး cherry ကလည်း ထိုနည်းတူပဲ သူတို့နှစ်ယောက်က ကိတ်မုန်တွေကိုတောင် ခြေထောက်မှာလူးထားကြတယ်..အငယ်ဆုံးတူမလေး berry ကတော့ ကိတ်မုန့်တွေမျက်နှာမှာမပေပေမဲ့ ဆံပင်ကောက်ကောက်လေးတွေရှိတဲ့ ခေါင်းပေါ်မှာ စတော်ဘယ်ရီခရင်တွေက ချီးပုံ ပုံစံမျိုးလေးရှိနေတယ်..အောက်မှာလည်း ကိတ်မုန့်တစ်ခုကို ဖင်နဲ့ တက်ထိုင်ထားလိုက်သေးတယ်။

ခြွေယူသူ (complete)Where stories live. Discover now