Unicode
မေမေ!!
"ထနှောင်းရဲ့ သမီးကိုဘာလို့ အော်လိုက်တာလဲ..."
"ထနှောင်းမေ နင်ငါ့ကိုဘယ်လိုလေသံနဲ့လာပြောနေတာလဲ.."
"မေမေ ထနှောင်းမေးတာကိုဖြေပါ ဘာလို့သမီးလေးကိုအော်လိုက်ရတာလဲ ကလေးက အခု လန့်ပြီးငိုနေတာ မေမေကြားရဲ့လား.."
"အဲ့ကလေး ငိုတာကို ငါဘာလုပ်ပေးရမှာလဲ.."
"မေမေ မေမေဘာလို့ နိုရာလေးကိုမုန်းနေတာလဲ..နိုရာမှာဘာအပြစ်ရှိလို့ မေမေက နိုရာကိုမုန်းနေရတာလဲ.."
"နင်မွေးထားတဲ့ ကလေးဖြစ်နေလို့ပဲ.."
မေမေ!
"နိုရာက မေမေရဲ့ မြေးအရင်းပါ မေမေဘယ်လိုစိတ်မျိုးတွေနဲ့ပြောထွက်နေရတာလဲ.."
"ဟုတ်တယ် ငါ့မြေးအရင်းဆိုပေမဲ့ ဘယ်သူမှန်းမသိတဲ့ သွေးတစ်ဝက်ရောနေတဲ့ ကလေးကို ငါလက်မခံချင်ဘူး.."
"မေမေ မေမေကို ထနှောင်းနိုရာအဖေနဲ့ပတ်သက် တဲ့ ကိစ္စကို ရှင်းပြပြီးပြီလေ မေမေကဘာကိုမကျေနပ်နေသေးတာလဲ..နိုရာအဖေဆိုတဲ့သူကလည်း မျိုးရိုးနိမ့်တဲ့ထဲကမဟုတ်ဘူး သမီးတို့တွေထက်တောင်မျိုးရိုးမြင့်တယ့်ထဲက.."
"ထနှောင်းမေ.. ငါမျိုးရိုးမြင့်တာတွေ မမြင့်တာတွေ မသိချင်ဘူး ငါလိုချင်တာက နင်အဲ့ကလေးကို စွန့်ပစ်ဖို့ပဲ.."
မေမေ!!
"မေမေဘယ်လိုစိတ်နဲ့ပြောနေတာလဲ..ထနှောင်းရဲ့သမီးကို ထနှောင်းကရောဘယ်လိုစွန့်ပစ်ရက်ရမှာလဲ.."
"အဲ့ဒါတွေငါ စိတ်မဝင်စားဘူး ငါလိုချင်တာ နင်ငါပြောတဲ့အတိုင်းလုပ်ဖို့ပဲ မဟုတ်ရင်တော့ အဲ့ကလေးရဲ့ အသက်ကို အာမ မခံနိုင်ဘူးနော်.."
ထနှောင်းလည်း မေ့မေ့စကားကြောင့် မေ့မေ့ကိုမုန်းတီးသလိုကြည့်လိုက်သည်။
"ထနှောင်းမေ နင် ငါကို ဘယ်လိုအကြည့်နဲ့ကြည့်နေတာလဲ နင့်အကြည့်တွေကိုပြင်နော်.."
"မေမေ မေမေသိလား မေမေက အရမ်းရက်စက်တက်တဲ့မိန်းမပဲ..."
နင်!!
YOU ARE READING
ခြွေယူသူ (complete)
Fantasíaboy×boy girl×girl ukeလေးကနည်းနည်းweakဖြစ်မှာပါရှင့် အခုမှစရေးတဲ့ficလေးမို့ဖတ်ပေးကြပါအုံးရှင့်