Unicode
ဟင်းးးဟင်းးး
မေရီ အိပ်နေရင်းညည်းသံလိုမျိုးအသံတစ်ခုခုကြားလိုက်တာ ကြောင့် မျက်စိဖွင့်ကာ ထကြည့်မိလိုက်သည်။
ဟင် မထနှောင်းမေ ကိုယ်တွေ ပူခြစ်နေတာပဲ ဖျားနေပြီထင်တယ်။
မေရီလည်း ဘေးနားက သူကို လှုပ်နိုးပြီး
"မထနှောင်းမေ မထနှောင်းမေ ထအုံး"
"ဟင်..ဟင်..ဘာ..ဘာဖြစ်လို့လဲ မေရီ"
"ရှင်ကိုယ်တွေ ပူခြစ်နေတာပဲ ခဏထပြီးဆေးသောက်အုံး မေရီ ခြွေတို့ကိုသွားနှိုးပြီး ဆေးသွားယူလိုက်မယ်"
"ရ ..ရတယ်မေရီ မယူနဲ့တော့ မနက်ကျရင်သက်သာသွားလိမ့်မယ် အခုကညလည်း နက်နေပြီဆိုတော့ သွားမနှိုးနဲ့တော့ "
"ဒါဆိုလည်း မထနှောင်းမေ အင်္ကျီလဲလိုက်မလား တစ်ကိုယ်လုံးချွေးတွေကြီးပဲ တော်ကြာချွေးတွေနဲ့ ပြန်အအေးပတ်နေလိမ့်မယ်"
"အင်းအင်း"
မေရီလည်း luggage ထဲက အဝတ်တစ်ထည်ယူပြီး လဲပေးလိုက်သည်။
မထနှောင်းမေ ခဏလှဲနေအုံးနော် မေရီ ရေပတ်အဝတ်ယူလိုက်အုံးမယ်။
မေရီလည်း ရေပတ်အဝတ်ကို နှဖူးပေါ်တင်ပေးလိုက်သည်။
"ဟင်းးဟင်းး နိုရာ နိုရာ..ကိုမခေါ်သွားပါနဲ့ ထနှောင်းတောင်းပန်ပါတယ် နိုရာ..နိုရာ.."
မေရီလည်း ရေပတ်ဝတ်တင်နေရင်းကြားလိုက်ရတဲ့အသံကြောင့်ကြည့်မိလိုက်တော့
"ဟင် မထနှောင်းမေအပူကြီးပြီး ယောင်နေတာပဲ"
"ဒါနဲ့ နိုရာက ဘယ်သူလဲ.."
မေရီလည်း ထနှောင်းမေကိုကြည့်ပြီး တခုခုစုံစမ်းဖို့ပြင်လိုက်သည်။
**
ထနှောင်း လည်း ကိုက်ခဲနေတဲ့ ခေါင်းကို လက်တဖက်ဖြင့်ဖိလိုက်ပြီး မျက်လုံးဖွင့်ကြည့်လိုက်သည်။
"ဟင်...မေရီ"
မေရီလည်း သူနာမည်ခေါ်သံကြောင့် အိပ်နေရာက ခေါင်းထောင်ကြည့်လိုက်ပြီး အမြန်ထကာ တဖက်လူရဲ့ နှဖူး ပေါ်လက်တင်လိုက်သည်။
YOU ARE READING
ခြွေယူသူ (complete)
Fantasyboy×boy girl×girl ukeလေးကနည်းနည်းweakဖြစ်မှာပါရှင့် အခုမှစရေးတဲ့ficလေးမို့ဖတ်ပေးကြပါအုံးရှင့်