Unicode
ဝတီလည်း သူရှေ့က နှစ်ယောက်ကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။
ဟင်းးး
"မင်းတို့နှစ်ယောက် ငါ့ကိုဘာမှ မရှင်းပြကြတော့ဘူးလား"
ခြွေလည်း ခေါင်းကိုအောက်ငုံ့ထားပြီး အသားများပင် တုန်သည်အထိလန့်နေသည်။
ခိုက်ဦးလည်း ဘေးနားကချစ်ရသူရဲ့ တုန်ယင်နေတဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး အန်တီဝတီ ကိုကြည့်ကာ
"ကျွန်တော်ကို ခြွေနဲ့ လက်ထပ်ခွင့်ပြုပါ အန်တီ"
ဟေ..
မောင်..
"ကျွန်တော် ခြွေကိုမြတ်မြတ်နိုးနိုးနဲ့တကယ်ချစ်တာမို့ ကျွန်တော်တို့ကိုလက်ထပ်ခွင့်ပြုပါ အန်တီ"
ခြွေလည်း မောင်ပြောတဲ့ စကားတွေကိုကြားပြီး မျက်ရည်များကျကာ ချစ်ရသူကို ငေးကြည့်နေမိသည်။
ဝတီလည်း သူ့သားလက်ကိုကိုင်ကာ ရဲရဲဝင့်ဝင့်ပုံစံနဲ့ ပြောနေတဲ့ ကောင်လေးကိုကြည့်လိုက်ပြီး
"မောင်ခိုက်ဦးထိုက်မာန် မင်းနဲ့ ထနှောင်းမေဆိုတဲ့ကောင်မလေးနဲ့က စေ့စပ်ထားတာမဟုတ်ဘူးလား"
"ဟုတ်ပါတယ် ဒါပေမဲ့ ကျွန်တော်သူ့ကိုမချစ်ဘူး သူနဲ့ကိစ္စကလည်း အဖိုးတို့စီစဥ်တာ ကျွန်တော်ဆန္ဒမပါခဲ့ဘူး ကျွန်တော်ချစ်တာ ပန်းဦးခြွေဆိုတဲ့ အမျိုးသား တယောက်ပဲရှိတယ်"
"ဒါပေမဲ့ အန်တီတော့ ထနှောင်းမေဆိုတဲ့အမျိုးသမီးကိုအားနာတယ်"
ဗျာ...
"အင်း ဟုတ်တယ် အန်တီမိန်းမသားချင်း ကိုယ်ချင်းစာတယ် တဖက်ကကိုယ့်ရဲ့သားဖြစ်နေလို့ သားလုပ်သမျှအကုန်အမှန်လို့ ထောက်ခံမယ့်မိဘထဲမှာအန်တီမပါဘူး အဲတော့ သားနဲ့မင်းနဲ့ကိစ္စကို ရှေ့မဆက်ပဲ ရပ်တန်းကရပ်လိုက်ပါတော့ "
"မေမေ"
"ခြွေ မေမေမင်းကို ငယ်ငယ်ကတည်းကဒီအရွယ်ထိပြုစုပျိုးထောင်ခဲ့တာ ဒီလိုအမှားတွေလုပ်ဖို့မဟုတ်ဘူးနော် "
ခြွေလည်း မေမေ့ရှေ့ ဒူးထောက်လိုက်ပြီး
"မေမေ ခြွေတောင်းပန်ပါတယ် မောင့်နဲ့ ခြွေနဲ့ကို မခွဲပါနဲ့ ခြွေတောင်းပန်ပါတယ်"
![](https://img.wattpad.com/cover/353058032-288-k610433.jpg)
YOU ARE READING
ခြွေယူသူ (complete)
Fantasyboy×boy girl×girl ukeလေးကနည်းနည်းweakဖြစ်မှာပါရှင့် အခုမှစရေးတဲ့ficလေးမို့ဖတ်ပေးကြပါအုံးရှင့်