Part(5)

4.3K 194 4
                                    

Unicode

ခနောင်းရွာလေးသည် အလွန်သာယာသောရွာငယ်လေးဖြစ်သည်။

ရွာသူရွာသားများကလည်း အချင်းချင်းစည်းလုံးညီညွှတ်ကြသည်။

ခနောင်းရွာသူရွာသားများသည်အများအားဖြင့်ပန်းစိုက်ပျိုး၍အသက်မွေးဝမ်းကြောင်းပြုကြသည်။

ခနောင်းရွာတွင်နှစ်စဉ်နှစ်တိုင်းကျင်းပသောပွဲလေးတခုရှိသည်။

ဤသည်ကကြာခူးပွဲပင်ဖြစ်သည်။

ခနောင်းရွာ၏ရွာထိပ်ရှိရေကန်ကြီးတွင်ကြာပန်းများသည်ဆယ်နှစ်ရာသီမရွှေးပွင့်နေသည်။

ထိုကန်မှကြာပန်းကိုခူးယူသူသည် အမျိုးသားသာဖြစ်ရမည်ဟုမှတ်ချက်ရှိသည်။

ထိုအမျိုးသားသည်လည်း မိမိအိမ်ထောင်ဖက်အတွက်သာရည်စူး၍ ကြာပန်းကိုခူးယူကြရလိမ့်မည်​ဖြစ်သည်။

ခူးယူပြီး​သောကြာပန်းလေးသည်အိမ်ထောင်ဖက်၏လက်ပေါ်ရောက်သည်နှင့်ညှိုးနွမ်းသွားပါက

ထိုစုံတွဲသည်မပေါင်းဖက်သင့်​​သောစုံတွဲဟုအယူရှိကြသည်။

ထိုကြောင့်ရွာထဲတွင်နှစ်စဉ်နှစ်တိုင်းမင်္ဂလာဆောင်မည့်စုံတွဲများက ထိုကြာကန်သို့သွား၍ကြာခူးပွဲတွင်အဆင်ပြေစေရန် ဖူးစာရေးနတ်ကိုပူဇော်ပသကြသည်။

ဤသည်ကပင်အခြားရွာလေးနဲ့မတူပဲ ခနောင်းရွာလေး၏ထူးခြားချက်ပင်ဖြစ်သည်။

ခနောင်းရွာထဲရှိ နှင်းဆီအနီများဖူးပွင့်နေသောခြံကြီးအရှေ့တွင်

မိန်းမပျိုလေးနှစ်ဉီးသည်ပန်းအိုးအသေးလေးနှစ်အိုးကိုတယောက်တအိုးစီရင်ဖက် ထဲတွင်ပိုက်ထား၍ခြံထဲရှိအိမ်ထဲမှသူငယ်ချင်းဖြစ်သူကိုအော်ခေါ်နေတော့သည်။

"ခြွေရေ....ခြွေ"......

ထိုအချိန်ခြံဝန်းတွင်းမှနှင်းဆီအနီများကို​​ကြိုး​​ဖြင့်စည်းနေသောအမျိုးသမီးကြီးသည်ခြံအ​ရှေ့ဘက်မှအော်သံကြားသဖြင့်ခြံပြင်သို့ထွက်လာခဲ့သည်။

"ဟယ်သမီးတို့ပါလား သားဆီလာတာထင်တယ် ခြံထဲဝင်လာခဲ့လေ"

ထိုအခါမှမိန်းမပျို​လေးနှစ်ဉီးသည်ပြိုင်တူခြံဝန်းတွင်းသို့ဝင်လာကြတော့သည်။

ခြွေယူသူ (complete)Where stories live. Discover now