Unicode
တော်ဝင်မေတို့ လင်မယားလည်း မေတ္တာက ဖုန်းဆက်ပြီး အကြောင်းစုံ ပြောပြထားတာကြောင့် သားဖြစ်သူအလာကို မျှော်နေကြသည်။
ထိုအချိန် ခြံထဲသို့ကားတစ်စီးဝင်လာပြီး ကားပေါ်က လူတစ်ယောက်အရင်ဆင်းကာ အိမ်ထဲသို့ဝင်လာလိုက်သည်။
"သား..သား.."
တော်ဝင်မေလည်း ဘယ်သူကိုမှလှည့်မကြည့်ဘဲ အပေါ်ထပ်တက်သွားတဲ့ သားတော်မောင်ကိုကြည့်ပြီး သက်ပြင်းချကာ အနောက်ကပါလာတဲ့သူတွေကိုကြည့်လိုက်သည်။
"ဖေဖေ.."
"ငါ့ကို ဘာမှလာမေးမနေနဲ့ အဲ့ဒါတွေ နင်တို့အသုံးမကျလို့ ဖြစ်တာ.."
ဦးထိုက်မာန်လည်း ချွေးမနဲ့ သားဖြစ်သူကို တချက်ကြည့်ကာ ပြောလိုက်ပြီး အခန်းထဲဝင်သွားသည်။
မေရီလည်း ဖေဖေနဲ့မေမေနား သွားလိုက်ပြီး..
"ဘာမှစိတ်မပူပါနဲ့ သမီးနောက်မှသေချာပြောပြမယ်နော် အခုတော့ ခိုက်ဦးဆီသွားလိုက်အုံးမယ်.."
မေရီလည်း အိမ်ပေါ်ထပ်ကိုအမြန်ပြေးတက်ကာ မောင်ဖြစ်သူအခန်းတံခါးကိုဖွင့်လိုက်တော့ လေလိုအလျင်နဲ့သူမမျက်နှာတည့်တည့်ရောက်လာတဲ့ ပန်းအိုးကိုအရင်ရှောင်လိုက်ရသည်။
ခွမ်း..
"ဟူး..တော်ပါသေးရဲ့.."
မေရီလည်း အခန်းထဲဝင်ဖို့ခြေလှမ်းပြင်နေတုန်း...
"ဝင်မလာနဲ့..!!"
"မောင်လေး.."
"မေရီ နင်ကိုငါဝင်မလာနဲ့လို့ပြောနေတယ်နော်..ခွမ်းးးခွမ်းးးး ဒုန်း...ဒုန်းးး..ဝင်မလာနဲ့! ထွက်သွား..ငါ ဘယ်သူကိုမှမမြင်ချင်ဘူးနော်..ဟာ.ကွာ..ဒုန်းဒုန်း....."
မေရီလည်း မောင်ဖြစ်သူနားသွားလိုက်ပြီး..
"ခိုက်ဦးထိုက်မာန် !တော်တော့ နင်လက်မှာလည်းသွေးတွေကြီးပဲ ပစ္စည်းတွေလည်းရိုက်ခွဲစရာဘာမှမကျန်တော့ဘူး နင်စိတ်မဖြေနိုင်သေးဘူးလား.."
"မေရီထိုက်မာန် နင်ငါကိုဘာပြောလိုက်တာလဲ..ဟမ်..စိတ်မဖြေနိုင်သေးဘူးဟုတ်လား.. ငါ့နေရာနင်ခံစားကြည့်လေ ငါ သိက္ခာတွေအကုန်လုံးဘာမဟုတ်တဲ့သူက စော်ကားတာခံလိုက်ရတာ ငါ့ဘယ်လိုစိတ်ဖြေပေးရမှာလဲ..ဟာကွာ...ဒုန်းးးဒုန်းးးး"
![](https://img.wattpad.com/cover/353058032-288-k610433.jpg)
YOU ARE READING
ခြွေယူသူ (complete)
Fantasyboy×boy girl×girl ukeလေးကနည်းနည်းweakဖြစ်မှာပါရှင့် အခုမှစရေးတဲ့ficလေးမို့ဖတ်ပေးကြပါအုံးရှင့်